အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
nay aung
nay aung 464
လွန်ခဲ့သော ၇ နှစ် က · ကျောက်ပန်းတောင်း

ရေကတော့နည်းနည်းငံတယ် ဘာပင်တွေစိုက်ရင်အဆင်ပြေလဲဗျ နှစ်ရှည်ပင်စိုက်ချင်ပါတယ်ဆရာသမားတို့ ကျေးဇူပြုပြောပေပါခင်ဗျာ

စိုက်ပျိုး ရေ ဒန့်သလွန်
7

ဖြေကြားချက် ၇ ခု

Samson
Samson 3,030 လွန်ခဲ့သော ၆ နှစ် က

အုန်းပင်

စိုင်မွန်ထူး
စိုင်မွန်ထူး 2,219 လွန်ခဲ့သော ၆ နှစ် က

အရည်ချိုတယ်

စိုင်မွန်ထူး
စိုင်မွန်ထူး 2,219 လွန်ခဲ့သော ၆ နှစ် က

အုန်းသီးကပိုကောင်းတာပေါ့

nay aung
nay aung 464 လွန်ခဲ့သော ၇ နှစ် က

ဟုပ်ကဲ့ပါ ကျေးဇူးတင်ပါတယ်

myatmyatwin
myatmyatwin 22,043 လွန်ခဲ့သော ၇ နှစ် က

ဖြစ်နိုင်ပါတယ် နီးစပ်တဲ့သစ်တောရုံးမာ ပျိုးပင် ရနိုင် မရခဲ့ရင် Ecodev ဦးဝင်းမျိုးသူတု့ အဖွဲ့ က. ဦးလမ်းဘို ကိုမေးကြည့်ပါလား သူကတော့ ပျိုးပင်ရနိုင်တယ် ဦးလမ်းဘိုလဲကျောက်ပန်းတောင်းကဘဲ စိုက်နည်းလဲသိပါတယ်

nay aung
nay aung 464 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးတင်ပါတယ်ဗျာ မြေကတစ်ဧကလောက်ပဲရှိတယ် နံသဖြူစိုက်လို့ရနိုင်လားဗျ

myatmyatwin
myatmyatwin 22,043 လွန်ခဲ့သော ၇ နှစ် က

Soil PH မသိရပါ မြေချဉ်ငန် ကိန်းလေးသိရရင် ပိုကောင်းပါမယ် ခန့်မှန်းရေငန်တယ်ဆိုတော့ ပီအိပ်ချ ၆-၇ ခန့်ဖြစ်မလားလို့ပါ နွားဝက် မွေးရင် အစာတွက် အဝေရာခေါ် ဘောစကိုင်း ကို အစာတွက် စိုက်ပါ ကိုင်းထိုးသော်/ မျိုးစေ့ချ စိုက်နိုင်ပါတယ် စီးပွားရေးအတွက် ဧကများများ စိုက်ချင်ရင် သရက် မာလကာ သေချာစိုက်နိုင်ပါတယ် ကျွဲကောတော့ မဖြစ်နိုင်ပါ (မြေငန် ) သရက် မာလကာ အကြားထဲမှာ နာနတ် စိုက်ကြည့်ပါ မြချဉ်ငန် ကိန်းသိချင်ရင်တော့ နီးရာ MAS. ရုံးတွေမာမေးမြန်းကြည့်ပါ မြေကို ပြုပြင်ရင် မြေဆွေး EM. သစ်ရွက်စိမ်းတို့နဲ့ အရင်ပြုပြင်နိုင်ပါတယ် ဓါတု မြေဩဇာကို အများကြီးမသုံးပါနဲ့နော် ကျောက်ပန်းတောင်းမြို့နယ် ဆိုတော့ အနည်းငယ်ငန်နိုင်တယ် အပင်တွက် organic မြေဩဇာ ရယ် နောက်ထပ် gypsum. ကျောက်မှုန့် ကို သုံးပါ စိုက်လို့ဖြစ်ပါတယ် ရေအဆင်ပြေရင် ပြောခဲ့သလိုစိုက်နိုင်ပါတယ် ဟင်းသီးဟင်းရွက်အုပ်စု တွေ စိုက်နိုင်တာကတော့ များပါတယ်ရေရရင် ချဉ်ပေါင် ငရုတ် ခရမ်း ရုံးပတီ မုန်လာ နေကြာ ပန်းနှ မ်း အစရှိတာတေပါ စိုက်ရနိုင်ပါတယ် နောက်တဆင့်မှ စီးပွားဖြစ် ရှော်ဖြူ တို့ စမ်းစိုက် ကြည့်ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒန့်သလွန်မျိူးစေ့သနပ်ပင်မြို့ဝယ်ယူရနိုင်မယ့်နေရာလေးနဲ့စိုက်ပျိုးပုံနည်ူလမ်းလေးသိချင်ပါတယ်။ နေပီယာမြက်အမျိုးအ...

ဖြေကြားချက် 2 ခု

မင်္ဂလာပါခင်ဗျား.. ကျွန်တော် ဒန့်သလွန်ပင် အစေ့နဲ့ ပျိုးနည်းလေးသိချင်ပါတယ်ခင်ဗျ...အစေ့တွေ စုထားတာရှိလို့ပါ.....

ဖြေကြားချက် 2 ခု

မြန်မာနိုင်ငံဒန့်သလွန်နှင့်ရဲယိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့နှင့် ဆက်သွယ်လို့ရမဲ့ နည်းလမ်း...

ဖြေကြားချက် 2 ခု

ကိုင်းကူးသည့်နည်းစနစ်နဲ့ အသုံးပြုသည့်အမြစ်အားသန်းဆေးကို သိချင်ပတယ်မျှဝေကြပါ

ဖြေကြားချက် 1 ခု

အခုချိန် ဒန့်သလွန်း စိုက်နည်းလေးပြောပြပေးပါလား ဧရာဝတီတိုင်း ပုသိမ်

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။