အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
170
လွန်ခဲ့သော ၁၀ လ က · မလှိုင်

2လသား ကြက်သွန်မိတ်စားခင်းပါခင်ဗျာ 1လသားတွင် ကာဗင်ဒါဇင် 45%+ဒိုင်ဖန်နာကိုနာဇိုး15% 20ccနှုန်း+ဆာဖာ80% 50ccတစ်...

2လသား ကြက်သွန်မိတ်စားခင်းပါခင်ဗျာ 1လသားတွင် ကာဗင်ဒါဇင် 45%+ဒိုင်ဖန်နာကိုနာဇိုး15% 20ccနှုန်း+ဆာဖာ80% 50ccတစ်ခွက်၊ဒုတိယအကြိမ် ကာဗင်ဒါဇင် 45% +ဒိုင်ဖန်နာကိုနာဇိုး15% 30cc၊တတိယအကြိမ် ဆာဖာ80% 50ccခွက်နှင့်2ခွက်၊စတုတ္ထအကြိမ်ပိုင်ရာကလိုစတိုဗင်13.5%+အပိုစီကိုနာဇိုး5% 20cc+ဖော့စတိုင်းအလူမီနီယမ်5ဇွန်း ဖျန်းထားပါသည်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
ပိုးမွှားရောဂါ ကြက်သွန်နီ ကြက်သွန် ရွက်ခြောက်ရောဂါ

ဖြေကြားချက် ၂ ခု

349,565 လွန်ခဲ့သော ၁၀ လ က

ပင်စည်ရွက်ခြောက်ရောဂါ(Stemphylium Leaf Blight of Onion) ကျနေတာပါ၊ တောက်တဲ့ပြောက်ရောဂါနဲ့ဆင်တူပါတယ်။ ကာကွယ်နှိမ်နင်းနည်းလည်းတူပါတယ်ဗျ။ကုသရန် Pyraclostrobin ,Propiconazole, Tebuconazole, Difenoconazole, Azoxystrobin+ Difenoconazoleသို့မဟုတ် Azoxystrobin+ Tebuconazole ဆေးတစ်မျိုးမျိုးကိုမနက်ခင်းမှာဖျန်းပေးပါ၊ ရောဂါကူးစက်ပျံ့နှံ့မှုမရှိတော့ရင်ရောဂါပျောက်ပြီလို့ယူဆနိုင်ပါတယ်ဗျ။ မှိုဆေးသုံးစွဲမှုက အရမ်းများလွန်းနေပြီးမှားယွင်း နေတယ်ဗျ၊ အပင်လောင်နိုင်သလို ကုန်ကျစရိတ်လည်းအရမ်းများပါတယ်ဗျ၊ ဆာလဖာမှိုသတ်ဆေးကို ဖျန်းပက်ရာတွင် မည်သည့်ဆေးနှင့်မျှမရောဖျန်းသင့်ပါဘူးဗျ၊အခန့်မသင့်ရင်လောင်တတ်ပါတယ်။ ရောဂါလုံးဝမကျခင်မှာ ဆာလဖာမှိုသတ်ဆေးဖျန်းပက်ကာကွယ်ထားရင်ကိုလုံလောက်ပါတယ်ဗျ။ ဆေးတွေရောဖျန်းရာတွင်လည်း မလိုအပ်ဘဲ ၃မျိုးအထိမရောသင့်ပါဘူးဗျ၊ရောဂါနဲ့ဆေးတည့်ရင် တစ်မျိုးတည်းကိုပျောက်ပါတယ်ဗျ။ နောက်ဆုံးအကြိမ်ပိုင်းမှာဆိုရင်လည်း ပိုင်ရာကလိုနဲ့ အပိုစီတို့တင်ကို ရောဂါနှိမ်နငိးနိုင်စွမ်းမြင့်မားနေပါပြီဗျ၊ Foestyl Al ကိုလည်းဥပုပ်၊ထိပ်ပုပ်ရောဂါကာကွယ်၊ကုသရန်အတွက်သီးသန့်ဖျန်းပေးမာ်ဆိုပိုထိရောက်ပါတယ်ခင်ဗျာ။ ဆေးတွေကို သီးသန့် တစ်မျိုးခြင်းစီ ၁၀ရက်ခြားသာဖျန်းမယ်ဆိုရင် ကုန်ကျစရိတ်သက်သာပြီး ရောဂါကာကွယ်ရာတွင်လည်း ပိုထိရောက်မယ်လို့မြင်မိပါတယ်ဗျ။ ဆေး တွေအရမ်းဖျန်းထားတော့ အပင်‌ ဆေးဖိစီးမှုဒဏ် သက်သာအောင် မှိုဆေးဖျန်းပြီး ၇ရက်အကြာမှာAmino acid ပါအားဆေးကိုအနည်းလိုအဟာရပါအားဆေးဖြင့်တစ်ကြိမ် လောက်ဖျန်းပေးသင့်ပါတယ်။

170 လွန်ခဲ့သော ၁၀ လ က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။