အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
zayar htwe
zayar htwe 23
လွန်ခဲ့သော ၁၁ လ က · ညောင်ရွှေ

ငွေနှင်းမှိုခူးပြီးနောက် မှိုထုပ်အတွင့်သန့်ရှင်းရေးလုပ်နည်းသိချင်ပါတယ်

စိုက်ပျိုးနည်း မှို (ငွေနှင်းမှို) ငွေနှင်းမှိုစိုက်ပျိုးနည်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 370,744 လွန်ခဲ့သော ၁၁ လ က

ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရာတွင် သိထားသင့်သည့်ဗဟုသုတများ 🍄🍄🍄🍄🍄🍄🍄🍄🍄🍄 ⏭ငွေနှင်းမှိုကို စီးပွားဖြစ်စိုက်ပျိုးကြသကဲ့သို့ မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းစိုက်ပျိုးထုတ်လုပ်မှုအဖြစ်လည်း စိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ထို့ကြောင့် ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရာတွင် နည်းပညာဗဟုသုတ အဖြစ် သိထားသင့်သည်များကိုရေးသားတင်ပြလိုက်ရပါသည်။ ▪️ မှိုထုပ်များကို လေဝင်လေထွက်ရရှိ၍ တိုက်ရိုက်နေမပူသောနေရာတွင် ထားပါ။ မှိုထုပ်များထားရှိသော နေရာသည် အပူချိန် (၂၅ -၂၈ ) ဒီဂရီစင်တီဂရိတ်ရရှိ၍ စိုထိုင်းဆ (၈၀)% ရှိရမည်။ ▪️ မှိုထုပ်၏ ထိပ်ဝမျက်နှာပြင်ပေါ်ရှိ ပလတ်စတစ်အနာများကို ဓါးသန့်သန့်ဖြင့် လှီးဖြတ်ပြီးလျှင် တစ်ဆင့် နှင့်တစ်ဆင့် (၁ပေခွဲ) အကွာအဝေးရှိသော ဝါးစင်၊ သစ်သားစင်များအပေါ်တွင် အထုတ်များကိုထောင်၍ သော်လည်းကောင်း၊ လှဲ၍သော်လည်းကောင်းထားပါ။ လှဲ၍ထားလျှင်နှစ်ဆင့်ထပ်နိုင်ပါသည်။ ▪️ နေ့စဉ် ရေပန်းခရားငယ်ဖြင့် မှိုထုပ်များကို ညင်သာစွာရေလောင်းပေးရပါမည်။ ရေလောင်းလျှင် အထုပ်အတွင်း ရေမဝပ်ရန်ဂရုပြုရမည်။ ရေဝပ်ပါက မှိုထုပ်များ ပုပ်ရိသွားနိုင်သည်။ ▪️ မှိုထုပ်များ စဖွင့်ပြီး (၃-၇) ရက်တွင် မှိုပွင့်ငယ်ကလေးများ ထွက်ပေါ်လာသည်။ (၃-၄) ရက်တွင် ဆွတ်ခူးရန် အသင့်ဖြစ်ပါသည်။ ▪️ ဆွတ်ခူးရန်သင့်တော်သောမှိုပွင့်၏ အနေအထားမှာ ဘေးအနားသားများ မကွဲမီ (သို့) မှိုပွင့်များ မရော်မီတွင် ဆွတ်ခူးရပါသည်။ မှိုပွင့်များ အောက်ခြေမှ လက်ဖြင့် ညင်သာစွာ နှုတ်ယူရပါမည်။ ချိုးဖဲ့ ဖြတ်တောက်၍ မယူရပါ။ ▪️ မှိုပွင့်များ ခူးယူပြီးသောအခါ မှိုထုပ်၏ အပေါ်ယံမျက်နှာပြင်ကို လက်မဝက်ခန့် သန့်စင်သော ဓါးဖြင့် လှီးပစ်ရပါမည်။ ▪️ လှီးဖြတ်ပြီးသော မှိုထုပ်ကို(၄-၅) ရက်ခန့် ရေမလောင်းပဲ ထားရမည်။ ထိုရက်အတွင်းအထုပ်မျက်နှာပြင် တွင် မှိုမျှင်များပြန်လည်ဖြူဖွေးလာပါမည်။ ၎င်းအချိန်တွင်ရေဖျန်းပေးပါက ဒုတိယအကြိမ် မှိုပြန်ထွက် လာပါသည်။ ▪️ ထိုနည်းအတိုင်း မှိုထုပ်၏ အောက်ခြေရောက်သည်အထိ (၃-၅) ကြိမ် စိုက်ပျိုးဆွတ်ခူးရယူနိုင်သည်။ ▪️ မှိုထွက်အား ပိုမိုကောင်းစေရန် ပုလဲဓာတ်မြေသြဇာ (၆) ကျပ်သားနှင့် တီစူပါ ဓာတ်မြေသြဇာ (၃) ကျပ်သားကို ရေနှစ်ဂါလံခွဲတွင် ဖျော်စပ်၍ (၂) ရက်ခြားတစ်ကြိမ် ပတ်ဖျန်းပေးရပါမည်။ (၆၀) ကျပ်သားရှိသော မှိုစိုက်ထုပ်တစ်ထုပ်မှ မှိုပွင့်အလေးချိန် (၂၀) ကျပ်သား ရရှိနိုင်ပါသည်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။