ဖြေကြားချက် ၂ ခု
စောပင်နာကျရောဂါ (Early Blight)ကျရောက်နေတာပါ။ တစ်ရာသီမှတစ်ရာသီသို့ရောဂါရပင်ကြွင်းပင်ကျန်များ၊ ပေါင်းမြက်များမှတဆင့်ကူး စက်သည်။ - ရောဂါဖြစ်စေမှိုသည် မိုး၊ လေ တို့ဖြင့်ကူးစက်သည်။ - ခံနိုင်ရည်ရှိသောမျိုးကိုသုံးပါ။ - ရောဂါကင်းသောမျိုးကိုသုံးပါ။ _နောက်တစ်သီးစိုက်မယ်ဆိုလျှင် ရောဂါကျသော ပင်ကြွင်းပင်ကျန်များအား မီးရှို့ဖျက်ဆီးပါ။ _ရောဂါကွက်စတင်တွေ့ ရှိပါက Iprodione (အိုင်ပရိုဒီ ရုန်း)၊ Mancozeb (မန်ကိုဇက်)၊ Chlorothalonil (ကလိုရို သာလိုနေး)၊ Thiophanate-methyl (သိုင်အိုဖါနိတ်မီသိုင်း)၊ Benomyl(ဘီနိုမိုင်း) စသောမှိုသတ်ဆေးတစ်မျိုးမျိုး အသုံးပြု ပက် ဖျန်းနိုင်သည်။ မန်ကိုဇက်နဲ့ မက်တယ်လဇီးအရောဆေးဖျန်းပေးပါ၊ဆေးဖျန်းပြီးနောက် ရောဂါကျအစိတ်အပိုင်းများရပ်တန့်သွားခြင်းရှိမရှိစောင့်ကြည့်စစ်ဆေးပါ။ရောဂါကျအစိတ်အပိုင်းများဆက်လက်ပျံ့နှံ့ခြင်းမရှိလျှင်ရောဂါပျောက်ကင်းပြီလို့ယူဆနိုင်ပါတယ်
ဆက်စပ်မေးခွန်းများ
ခရမ်းချဥ် ၏စောပင်နာကျလက္ခဏာ
ဖြေကြားချက် 1 ခု
ခရမ်းချဉ် အောက်ရွက်များဝါခြင်း
ဖြေကြားချက် 2 ခု
အပွင့်အညှာခြေအရိုးကလဲ ဝါ အပွင့်ခြေကလဲ ရွက်ထွင်းကျ ထားသလိုအရာလေးနဲ့ ခြောက် ပီးကြွေကျနေလို့ပါ ဆရာကြီး များ
ဖြေကြားချက် 2 ခု
ခရမ်းချဥ် အသီးအပွင့်တွေနဲ့ ပုံပါအတိုင်း ဖြစ်နေပါတယ် ရွက်ထွင်းအပြင် ရောဂါရော ကျနာလား ဘာရောဂါလည်းဗျ ရွက်ထွင်းပဲ...
ဖြေကြားချက် 3 ခု
ဘာရောဂါကျတာလည်းဗျာ
ဖြေကြားချက် 2 ခု