ဖြေကြားချက် ၂ ခု
ရောဂါကြောင့်မဟုတ်ဘဲရာသီဥတုဆိုးဝါးမှုကြောင့် ရေဝပ်အစိုဓာတ်များပြီးသေဆုံးတာမျိုးဆိုရင်တော့ အပင်ခြေရေဝပ်လျှင် အမြစ်ဇုံမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အစာစားအမြစ်များသေဆုံးရပြီး အရွက်အညွန့်များ ညှိုးခြင်း၊ဝါခြင်းဖြစ်ရသည်။ ရေမဝပ်အောင် ရေထုတ်မြောင်းများဖော်ပြီးချက်ချင်းရေထုတ်ပေးပါ။ အစိုဓာတ်လျှော့ချရန် သဲ၊ဂျစ်ဆမ်သို့မဟုတ် ဩဂဲနစ်မြေဆွေးများထည့်ပေးပါ။ အမြစ်ပုပ်ရောဂါကာကွယ်ရန်အမြစ်ဇုန်ကုသရန်အတွက် ထရိုင်ကိုဒါးမားထည့်ပေးပါ။သို့မဟုတ် အပင်ခြေ Metalaxy ၊ Foestyl -Al မှိုဆေးတစ်မျိုးမျိုးဖျန်းပေးပါ။ အမိုင်နိုအက်ဆစ်အားဆေး+ အနည်းလိုအဟာရအားဆေး (Zn, Fe, Mn, Mg, B) ဖျန်းပေးပါ။ သီးနှံပင်အရွက်မလန်းခင်အထိ နိုက်ထရိုဂျင်သီးသန့်ပါသော ရွက်ဖျန်းများ၊မြေဩဇာများအသုံးမပြုပါနဲ့၊ N:P:Kအချိုးညီပါသော ရွက်ဖျန်းအားဆေးများဖျန်းပေးနိုင်ပါတယ်။ ကေဟူးမစ်ပါသောမြေဩဇာကို ကျွေးပေးပါ။
ပင်ညှိုးသေ ရောဂါက ဘက်တီးရီးယားကြောင့်ဖြစ်နိုင်သလို၊ ဖျူစေရီယမ်မှိုကြောင့်လည်းဖြစ်နိုင်ပါတယ်၊ဘာကြောင့်ညှိုးသေလည်းဆိုတာသိရမှ ဖြေကြားရတာတိကျမှုရှိပါမယ်။ ဖျူစေရီယမ်ပင်ညှိုးအတွက် Tebuconazole, Azoxystrobin, Trifloxystrobin တစ်မျိုးမျိုးဖျန်းပေးနိုင်ပြီး ကာကွယ်ရန် Carbendazimကိုလည်းအသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားပင်ညှိုးအတွက်ကတော့ Copper oxychloride, Kasugamycin တစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
EC ပိုးသတ်ဆေးကဘာတွေလဲ သိလို့ရမလားခင်ဗျ
ဖြေကြားချက် 1 ခု
ပဲတောင့်ရှည် လှေးသတ်ဆေးကောင်းတာလေး များရှိရင်ညွှန်းပေးပါ ဆရာကြီးများ
ဖြေကြားချက် 2 ခု
ပုံထဲက ဆေးနှစ်မျိုး မက်ပဲအတွက် ဘယ်ဆေးသုံးသင့်သလဲဗျ ပဲပင် ရက်လေးဆယ် ရှိပါပြီ အပွင့်ဝင်ကာနီး ပက်ချင်လို့ပါ
ဖြေကြားချက် 3 ခု
ခုမှပထမဆုံး အကြိမ်ဆေးဖျန်းမှာပါ အပင်မှာ အပေါက်လေးတေနည်းနည်းတော့ရှိတယ်။ပိုသတ်ဆေးရယ် အပင်တတ်မဲ့ မှိုဆေးလေးရယ်...
ဖြေကြားချက် 1 ခု
Metalaxyl-m ရဲ့ဆေးနာမည်လေးသိချင်လို့ပါ
ဖြေကြားချက် 3 ခု