အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
517
လွန်ခဲ့သော ၁ နှစ် က · မြစ်ကြီးနား

အရွက်အနားသတ်က အဲ့လိုဝါနေတာကြုံဖူးကြသလားခင်ဗျား အနည်းလိုအဟာရချို့တဲ့လို့မဂ္ဂနီဆီယမ်ဖြန်းပေးပါတယ်မပြောက်ပါဘူး...

အရွက်အနားသတ်က အဲ့လိုဝါနေတာကြုံဖူးကြသလားခင်ဗျား အနည်းလိုအဟာရချို့တဲ့လို့မဂ္ဂနီဆီယမ်ဖြန်းပေးပါတယ်မပြောက်ပါဘူး ပြန်ကော်ကောင်းလာအုံးမလား ကူညီပါအုံး

Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၁ နှစ် က

အနည်းလိုအာဟာရ ချို့တဲ့လက္ခဏာပါ။ ဒါပေမယ့်မဂ္ဂနီစီယမ် ချို့တဲ့တာမဟုတ်လို့ပါ။ အရွက်ဖျားလေးတွေ၊အညွန့်လေးတွေမှာလက္ခဏာပြရင်၊ရွေ့လျားမှုနှေးတဲ့ ဇင့်၊ကယ်လစီယံ၊ဘိုရွန် စသဖြင့် ချို့တဲ့လို့ပါ။ ဆိုလိုတာက အနည်းလိုတမျိုးတည်း လိုအပ်ချက်မဟုတ်လိူ့၊ များများပါတဲ့ Nutraceတွေဖျန်းမှာပါ။ ဒါ့အပြင်၊ အမြစ်ဖွဲ့စည်းပုံကြောင့်လား၊မြေချဉ်လို့လား စတဲ့ fixation ကိုလည်း ထည့်တွက်ရပါလိမ့်မယ်။ ဒါကြောင့် Gypsum နဲ့ k-humic ကို အပင်ခြေကျွေးပေးသင့်ပါတယ်

349,565 လွန်ခဲ့သော ၁ နှစ် က

စုပ်စားပိုးကြောင့်မဟုတ်ဘဲဂန္ဓမာဗိုင်းရွိုက် (Chrysanthemum Stunt Viroid)ရောဂါကျနေတာဆိုရင်တော့ ကုသလို့မရပါဘူးခင်ဗျ၊

349,565 လွန်ခဲ့သော ၁ နှစ် က

စုပ်စားပိုးကျမကျစစ်ဆေးပေးပါဦးဗျ၊ စုပ်စားပိုးကြောင့်အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါဝင်တာမျိုးလည်းဖြစ်နိုင်ပါတယ်၊ ဆားခါးဖျန်းပေးခြင်းမျိုးမဟုတ်ဘဲ Ca,B,Zn,Mn,Mg,Fe,Sပါသောအနည်းလိုရွက်ဖျန်းအားဆေးကိုလည်းဖျန်းပေးစေချင်ပါသေးတယ်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။