🔺#စိုက်ပျိုးရေးသုံးပိုးသတ်ဆေးအုပ်စုများအကြောင်း
••••••••••••••••••••••••••••••••••••••••••••••••••
‼️ပိုးသတ်ဆေးတွေကို အုပ်စု ခွဲချလိုက်မယ်ဆိုရင်
၁။ အော်ဂန်နို ကလိုရင်း အုပ်စု
၂။ အော်ဂန်နို ဖော့စဖိတ် အုပ်စု
၃။ ကာဘာမိတ် အုပ်စု
၄။ ပိုင်ရီသရိုက် အုပ်စု
၅။ နီယိုနီကိုတီနွိုက် အုပ်စု
၆။ဖီနိုင်းပါရာဇိုး အုပ်စု
ဆိုပြီး အုပ်စုကြီး ၆ခုရှိပါတယ်။
🔥#အော်ဂင်နိုကလိုရင်း(Organoc hlorine)
••••••••••••••••••••••••••••••••••••••••
အော်ဂင်နို ကလိုရင်းဆေးအမျိုးအစား အနေနဲ့ နှစ်မျိုးရှိပါတယ်။ DDT အမျိုးစု ကွန်ပေါင်း နှင့် ကလိုရင်းပါဝင်သော cyclodienes တို့ပဲ ဖြစ်ကြပါတယ်။
အလုပ်လုပ်ပုံမှာမူ DDT compound မျိုးတို့သည် peripheral nervous system အပေါ်တွင် သက်ရောက်မှုဖြစ်ပြီး chlorinated cyclodienes တို့မှာမူ CNS အပေါ်တွင် တိုက်ရိုက်သွား၍ သက်ရောက်မှု ဖြစ်စေပါသည်။
ဓာတ်ပြိုကွဲရန် အလွန်တရာ ခက်ခဲသောကြောင့် နိုင်ငံတကာတွင် ဤအုပ်စုဝင်တို့ကို ပိတ်ပင်လိုက်ပြီဖြစ်ပါသည်။
🌿#အော်ဂင်နိုဖော့စဖိတ်(Organophosphate)
•••••••••••••••••••••••••••••••••••••••••••••
အော်ဂန်နိုကလိုရင်းကဲ့သို့ပင် အော်ဂဲနစ်ကွန်ပေါင်းဖြစ်ပြီး အော်ဂန်နိုကလိုရင်း နှင့်မတူ တမူထူးခြားစွာဖြင့် လျင်မြန်စွာ ဓာတ်ပြိုကွဲလွယ်သည်။ သို့သော် အခြားတစ်ဖက်တွင်မူ ဓာတ်ပြိုကွဲရန်မြန်သလောက် acetylcholinesterase enzyme ကိုသွားရောက် နှောင့်ယှက်ခြင်း မျိုးဖြစ်သည့်အတွက် အလွန်ပြင်းစေတတ်သော သဘောရှိသည့် ဆေးအုပ်စု လဲဖြစ်ပေသည်။ သုတေသန ပြုလုပ်ချက်များအရ ပမာဏ အနည်းငယ်ပင် သာ ဆေးမိလိုက်ရုံနှင့် မိမိမျိုးဆက် တစ်ဆက် မှ နှစ်ဆက်အထိ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပေါ်သည် ကိုတွေ့ရပေသည်။
ထို့ကြောင့် ၎င်းဆေးအုပ်စုသည်လည်း နှစ်အနည်းငယ် သာလျှင် ပိုးသတ်ဆေးလောက တွင်ပေါ်ပေါက်ပြီး ကမ္ဘာတစ်လွှားတွင် တားဆီးပိတ်ပင်ခြင်း ခံထားရသော ဆေးအုပ်စု ဖြစ်သည်။
🌟 #ကာဘာမိတ်(Carbamate)
•••••••••••••••••••••••••••
အော်ဂင်နိုဖော့စဖိတ် နှင့်အလားသဏ္ဍာန် တူစွာပင် acetylcholinesterase enzyme ကိုသွားရောက် ပိတ်ပင်ခြင်းဖြင့် အလုပ်လုပ်သည့် ပိုးသတ်ဆေး အုပ်စုဖြစ်သည်။ ကွာခြားချက်မှာ ကာဘာမိတ်သည် အဆိပ်ဖြေရန် နည်းရှိပြီး အော်ဂန်နိုဖော့စဖိတ်မှာ မူ ပြန်လည်ဖြေနိုင်စွမ်းမရှိချေ။
📌#ပိုင်ရီသရိုက်(Pyrethroids)
••••••••••••••••••••••••••••
ဆေးဂန္ဓာမာမှ ထုတ်ယူပြုလုပ်ထားသည့် ပိုးသတ်ဆေးမျိုး အုပ်စု ဖြစ်ပြီး ဓာတ်ပြိုကွဲမှုအလွယ်ဆုံး အမျိုးအစားဖြစ်သည်။ အလုပ်လုပ်ပုံမှာ ကျောရိုးရှိ သတ္တဝါတို့ကို အာနိသင် နည်းသလောက် ကျောရိုးမဲ့ အင်းဆက် တို့အပေါ်တွင် အလွန် အာနိသင် ပြင်းထန်သော သဘောရှိသည်။ ထို့ကြောင့် ဤဆေးအုပ်စု တို့ကို လူနေထိုင်ရာ ပတ်ဝန်းကျင်တွင် အသုံးပြုရန် နိုင်ငံတကာတွင် တရားဝင် ခွင့်ပြုထားပါသည်။
🌹#နီယိုနီကိုတီနွိုက်(Neonicotinoid)
•••••••••••••••••••••••••••••••••••
လတ်တလောထွက်ပေါ်လာသည့် ဆေးအုပ်စု သစ်ဖြစ်ပြီး ၎င်းတို့၏ အာနိသင်မှာ CNS ကိုသွား၍ တိုက်ခိုက် ခြင်းအားဖြင့် ပိုးမွှားတို့သည် paralysis ဖြစ်ပြီး သေဆုံး သည်အထိ CNS ကို နှောင့်ယှက် နိုင်စွမ်းရှိပါသည်။
ပမာဏအနည်းငယ်သုံးသည့်အခါတွင်လည်း နည်းသည့်အလျောက် domino effect ဟုခေါ်သည့် ဆင့်ကဲအဆိပ်ပွားခြင်းကို အသိုက်ဖွဲ့နေထိုင်သည့် ပိုးမွှားတို့ ကြားတွင် ဖြစ်ပေါ်စေပါသည်။
အခြား Domino အာနိသင်ရှိသည့် ဆေးသစ်မှာမူ ပိုင်ရိုးအုပ်စုဝင်ဖြစ်သည့် Fipronil ပင်ဖြစ်ပါသည်။
💥 #ဖီနိုင်းပါရာဇိုး(Phenylparazole)
•••••••••••••••••••••••••••••••••
Fipronil က သူ့ချည်းသီးသန့် အုပ်စုသစ်တစ်မျိုး အဖြစ် ဖီနိုင်းပါရာဇိုး(ပိုင်ရိုး) အနေနဲ့ ရပ်တည်တဲ့ ဆေးပါ။
အလုပ်လုပ်ပုံကတော့ CNSကို သွားထိခိုက်စေတယ် ဆိုသော်လည်း ထူးခြားချက်တစ်ခုက ကလိုရိုက် အိုင်ရွန် စီးဆင်းရာ GABA channel (ဂမ်မာအမိုင်နို ဗျူတိုင်ရစ် အက်ဆစ် ဖြစ်တည်တဲ့ ကလိုရိုက် လမ်းကြောင်း) အပေါ်သွားနှောင့်ယှက်တာပဲ ဖြစ်ပါတယ်။
အဲလို နှောင့်ယှက်လိုက်တဲ့ အခါမှာ CNS အာရုံ ကြောမကြီး ရဲ့ လုပ်ဆောင်မှု အဝဝ နှေးကွေး လေးလံ စေပြီး ဆေး dose ပြင်းပြင်းဆိုရင် ပိုးက ချက်ချင်း ဆိုသလို သေသွား နိုင်ပါတယ်။
ဖိုင်တိုဖားဂတ်စ်အနွယ်ဝင်(phytophagous insects) ပင်စည် သစ်လုံး ဖောက်ထွင်း စားသောက်တဲ့ ပိုးမွှားရန်ကို ကာကွယ်ဖို့ တရားဝင် နိုင်ငံတကာ ကခွင့်ပြုပြီး သားဆေးလဲ ဖြစ်ပါတယ်။
စပေါ်စကတော့ စားသေ အဆိပ်အဖြစ် ညွှန်းသော်လည်း နောက်ပိုင်း တွေ့ရှိချက်များအရ ဖစ်ပရိုနေးလ် ဟာ Caste System(အသိုက်) တွေကို ဆေးdose ပါရုံလောက်နဲ့ နှိမ်နင်းရာမှာ domino အာနိသင် လို့ ခေါ်တဲ့ အဆိပ် လက်ဆင့်ကမ်းခြင်းဓလေ့ ကို grooming လုပ်စဉ်မှာ တစ်ကောင်မှ တစ်ကောင်သို့ ကူးရာမှ သတိထား မိလာပါတယ်။
ဤသို့ နှိမ်နင်းခြင်းဖြင့် အသိုက် တစ်ခုလုံး ပြိုလဲသွား နိုင်သည့် အတွက်ကြောင့် ယခုအခါ ဆေး dose ကို အနည်းသာသုံးရန် ညွှန်းလေ့ရှိပါတယ်။
....................................................................................
၁။ အော်ဂန်နို ကလိုရင်းအုပ်စုဝင်ဆေးအချို့
DDT, Aldrin, Dieldrin, Chlordane, Endosulfan.
၂။ အော်ဂန်နို ဖော့စဖိတ်အုပ်စုဝင်ဆေးအချို့
Acephate,Parathion, Malathion, Chlorpyrifos, Diazinon, Dichlorvos, Dimethoate,Fenitrothion,
Profenofos.
၃။ ကာဘာမိတ်အုပ်စုဝင်ဆေးအချို့
Bendiocarb,Carbofuran, Carbosulfan,Carbaryl, Fenoxycarb(JHM), Fenobucarb,Methiocard,
Methomyl,Oxamyl,Thiodicarb.
၄။ ပိုင်ရီသရမ်အုပ်စုဝင်ဆေးအချို့
Pyrethrin, Cypermethrin, Deltamethrin, Esfenvalerate, Fenvalerate.Alpha cypermethrin
Beta cypermethrin.Lambda cyhalothrin
zeta cypermethrin.
၅။ နီယိုနီကိုတီနွိုက်အုပ်စုဝင်ဆေးအချို့
Imidacloprid, Nithiazine, Thiamethoxam, Acetamiprid.Thiacloprid.
၆။ဖီနိုင်းပါရာဇိုးအုပ်စုဝင်ဆေးအချို့
Fipronil.