အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
832
လွန်ခဲ့သော ၁ နှစ် က · မင်းဘူး

ဒီဆေး ကို ကြက်သွန်နီ မှာသုံးချင်လို့ပါ ဘယ်လိုအကျိုးရှိမလဲ ဆရာဒို့ဦးလေး ဖြေပေးစေချင်ပါတယ် စာညွှန်းမှာ ကြက်သွန်...

ဒီဆေး ကို ကြက်သွန်နီ မှာသုံးချင်လို့ပါ ဘယ်လိုအကျိုးရှိမလဲ ဆရာဒို့ဦးလေး ဖြေပေးစေချင်ပါတယ် စာညွှန်းမှာ ကြက်သွန်နီတော့ပါပါတယ် ကေဟူးမစ် နဲ့ လိုရာ ဘယ်လို ကွာလဲဆိုတာ ရှင်းပြပေးစေလိုပါတယ် ဆရာ၊

အပင်အာဟာရ ကြက်သွန်နီ ဆေးအာနိသင်များ
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

အကြမ်းဖျဉ်း ပြောရရင် ကေဟူးမစ်က K သီးသန့်ပါပါတယ်။လိုရာမှာ organic matter သီးသန့်ပါ။ဆေး၁ပုံး 3cc-6ccဆိုတဲ့အတွက် အပင်ဟိုမုန်းပုံစံဖြစ်နိုင်ပါတယ်။ ကေဟူးမစ်ကတော့၊မြေကြီးကိုတိုက်ရိုက်ပြင်ပြီး အပင်ကို အာဟာရ တိုက်ရိုက်ပေးပါတယ်။

349,566 လွန်ခဲ့သော ၁ နှစ် က

ကေဟူးမစ်နှင့်ကွာခြားချက်ကတော့ ပိုတက်ဆီယမ် ၁၀%အတိအကျပါဝင်သည့်အတွက် အပင်ပိုး/ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ခြင်း။ ၁။မြေကြီးပီအိပ်ချ် နိမ့်သည်ဖြစ်စေ၊မြင့်သည်ဖြစ်စေ ၊အမြစ်က အစာစားနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ၂။မြေကြီးထဲမှာရှိတဲ့ မကောင်းတဲ့ ဓါတ်ကြွင်းတွေကို ချေဖျက်ပေးနိုင်ပါတယ်။ ၃။အမြစ်မွှေးလေးတွေ ရှင်သန်ပွားများစေပါတယ်။ ၄။မြေကြီးအတွင်းက ပိုး၊ရောဂါတွေကို အထိုက်အလျောက်ကာကွယ်စေပါတယ်။

349,566 လွန်ခဲ့သော ၁ နှစ် က

Organic Matter ကို N,P,K,ဓာတ်မြေဩဇာတွေနဲ့ ရောစပ်အသုံးပြုလျှင် အဟာရများကို ဆုံးရှုံးမှုသင်သာစေတယ်၊ဖြေးဖြေးခြင်းအပင်များမှရရှိစေတယ်။ မြေဆီလွှာဖွဲ့စည်းမှုကောင်းမွန်စေတယ် စိုက်ခင်းမြေဆီလွှာအစိုဓာတ်နှင့် အဟာရဓာတ်များကို ထိန်းပေးထားနိုင်ခြင်း Organic Matter မှာN,P,Kနှင့်အနည်းလိုအဟာရများအတိအကျဖော်ပြမထားသည့်အတွက် ဘယ်လောက်ပါဝင်လဲဆိုတာအတိအကျပြောလို့မရပါခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။