အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 370,744 လွန်ခဲ့သော ၁ နှစ် က

Pyraclostrobin မှိုသတ်ဆေး မှတ်စု Pyraclostrobin သည် မှိုရောဂါအမျိုးမျိုးကိုအလွန်ထိရောက်စွာနှိမ်နင်းနိုင်သော မှိုသတ်ဆေး တစ်မျိုးဖြစ်ပြီး ဓာတုပစ္စည်း strobilurin အမျိုးအစားမှာ ပါဝင်သည်။ ၎င်း၏လုပ်ဆောင်မှုပုံစံသည် အလွန်တိကျပြီး မှိုပိုးရောဂါပိုး၏ စွမ်းအင်ထုတ်လုပ်မှုကို နှောင့်ယှက်တိုက်ခိုက်ခြင်းဖြစ်သည်။ သုတေသနအချက်အလက်များအပေါ် အခြေခံ၍ pyraclostrobin သည် အက်စစ်ဓာတ်အနည်းငယ်သာရှိသော ရေတွင် အတည်ငြိမ်ဆုံးဖြစ်သည်။ လေ့လာမှုများစွာအရ pH 5.0 တွင် pyraclostrobin အတွက် အတည်ငြိမ်ဆုံးအခြေအနေအဖြစ် သတ်မှတ်ခဲ့သည်။ သုတေသနပြုချက်များအရ pyraclostrobin သည် pH 5.0 တွင် 23ရက်မှ-115 ရက်အထိ ဆေးသက်တမ်းတည်ရှိနိုင်သည်။US Environmental Protection Agency (EPA) မှ pyraclostrobin သည် "pH 5, 7, နှင့် 9 တွင်တည်ငြိမ်သည်" ဟုဖော်ပြထားသော်လည်း လေ့လာမှုအများစုက အက်စစ်ဓာတ်အခြေအနေများတွင်သာ ဆေးသက်တမ်းကြာရှည်နိုင်ကြောင်းဖော်ပြထားသည်။ pyraclostrobin သည် ရောဂါလက္ခဏာများမပေါ်မီ ကြိုတင်ကာကွယ်မှု သို့မဟုတ် ကာကွယ်ကုသရေးအဖြစ် အသုံးပြုသည့်အခါတွင် အထိရောက်ဆုံးဖြစ်ကြောင်း သုတေသနပြုချက်တွင် အမြဲမပြတ်ပြသထားသည်။ Pyraclostrobin သည် အပင်၏ အရွက်များမှ စုပ်ယူသော ပင်လုံးပျံ့မှိုသတ်ဆေးဖြစ်တာကြောင့် အရွက်တွင်ကျ‌ရောက်သောရောဂါများကိုအထိရောက်ဆုံးဖြစ်စေရန် အရွက်မှ စုပ်ယူနိုင်စေရန် ၁-၄ နာရီ ခန့်သာကြာနိုင်ပါသည်။မြေကြီး သို့မဟုတ် အမြစ်ဇုန်ရှိ ရောဂါ(ဥပမာ၊ အမြစ်ပုပ်၊ ပင်စည်ပုပ်)ကို ကုသရန် pyraclostrobin ကို အသုံးပြုမည်ဆိုပါက အပင်ခြေဖျန်းပြီး ရေပါးပါးပြန်သွင်းပေးရန်လိုအပ်ပါသည်။ဆေးဖျန်းပြီး အနည်းဆုံး၂၄နာကီအတွင်း မိုးရွာသွန်းခြင်း မရှိပါမှ ဆေးအလေအလွင့်အဆုံးရှုံးနည်းပါမည်။

သော်ဇင်
သော်ဇင် 370,744 လွန်ခဲ့သော ၁ နှစ် က

အထက်ပါ linkကတော့ Difenoconazole မှတ်စု ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ထားတဲ့ Link ပါဗျ

သော်ဇင်
သော်ဇင် 370,744 လွန်ခဲ့သော ၁ နှစ် က

အထက်ပါ Facebook Page မှာ ဆေးအကြောင်း တော်တော်များများတင်ပေးထားပါတယ်ဗျ

သော်ဇင်
သော်ဇင် 370,744 လွန်ခဲ့သော ၁ နှစ် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။