ဖြေကြားချက် ၁ ခု
ဝယ်ယူ ထားသော EM သည် Original Effective Microbe (O.E.M ) ဖြစ်ပါက EM ၁ဆ (တစ်လီတာ)၊ တင်လဲရည် ၁ဆ (တစ်လီတာ) ၊ ရေ ၁၈ဆ(၁၈ လီတာ) ပြန်လည် ဖျော်စပ်ပြီး (၅-၇) ရက်ခန့် အထိထားပါ။ ထို့နောက် C.E.Mရပါမည်။ ရလာသောC.E.Mကို အသင့်သုံးEMဖြစ်အောင်လုပ်ပြီးမှသုံးစွဲသင့်ပါသည်။အသင့်သုံး EMဖြစ်အောင်လုပ်ရာတွင် မြေဆွေးပုံပြုလုပ်ရာတွင်အသုံးပြုနှုန်းထားနှင့် ရွက်ဖျန်းဆေးအဖြစ်အသုံးပြုရာတွင် နှုန်းထားအချိုးစားများမတူပါဘူးခင်ဗျာ၊ မြေဆွေးပြုလုပ်ရာမှာသုံးစွဲချင်တာလား၊ ဖျန်းဆေးအဖြစ်အသုံးပြုချင်တာလားပြန်ဖြေထားပေးပါဦးဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျနော် အီးအမ်လေးပါဗျ သုံးလို့ ဆင်ပြေပါ့မလား အနံကတော့ ဝိုင်အနံ့ ပြင်းပါတယ်ဗျ ဗူးဖွင့်လိုက်ရင်တော့ ရူးဆိုပြီး အ...
ဖြေကြားချက် 4 ခု
Em လုပ်ထားပါသည် သဘာဝ လက်လုပ်EM ပါ အရောင်က အဝါရောင်ပါ အနံ့က အရက်အနဲ့ ချဥ်စူးစူးပါ အသင့်သုံးဖြစ်ဖို့ ဘယ်လို ထပ်...
ဖြေကြားချက် 3 ခု
Super embokashi ပြုလုပ်ပုံနှင့်အကျိုးကျေးဇူးကိုရှင်းပြပေးပါ။
ဖြေကြားချက် 1 ခု
EM5 လုပ်နည်းလေး အသေးစိပ်သိ ပါရစေ ခင်ဗျ EM5က ပိုးသေ.. မှိူရောဂါ ပျောက်ပါသလား ခင်ဗျ EM5 က အပင်ရော အားရှိတာလား ၇...
ဖြေကြားချက် 3 ခု
မြေပဲက ၂ လပြည့်နေပါပြီ EM. FAA ဖျန်းလို့ ရသေးလား ခင်ဗျ
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ