ဖြေကြားချက် ၇ ခု
(၅) မွေးမြူရေးကာလတစ်လျှောက် စောင့်ကြည့်ထိန်းသိမ်းခြင်း - - မွေးမြူရေးကာလတစ်လျှောက်ဒေသရဲ့ရာသီဥတုအခြေအနေ၊ ကန်ရေအရည်အသွေးကိုစောင့်ကြည့်ခြင်း၊စုံစမ်းစစ်ဆေးခြင်း၊ ကာကွယ် ခြင်းများဆောင်ရွက်ရန်၊ - မွေးထားတဲ့မျိုးစိတ်တွေပုံမှန်အတိုင်းလှုပ်ရှားစားသောက်မှု/ရောဂါဖြစ်ပွားမှု/သေဆုံးခြင်းဖြစ်ပွားမှု ရှိ/မရှိစတာတွေကိုဂရုစိုက်စောင်ကြည့်သွားရန်လိုကြောင်း အကြံပြုအပ်ပါတယ်။
(၄) အစာကျွေးခြင်း (Feeding) - ကဏန်းကိုသဘာဝအစာဖြစ်တဲ့ခရု၊ ငါးနုတ်ငါးဖွဲ၊ ဂုံးအသားလေးတွေတုံးပြီးကျွေးနိုင်ပါတယ်၊ ဖြည့်စွက်စာအနေနဲ့လဲ အသားဓာတ်၂၅% ပါတဲ့အစာတောင့်ကျွေးလို့ရပါတယ်။ - ပုစွန်အတွက်သဘာဝအစာအဖြစ်အုန်းသီးကိုအစိတ်လေးတွေလုပ်ပြီးကျွေးနိုင်သလို၊ ဖြည့်စွက်စာအနေနဲ့ အသားဓာတ် ၃၀%ပါတဲ့အစာတေင့်ကျွေးလို့ရပါတယ်။ - ငါးအတွက်ကတော့ရေအရည် အသွေးကောင်းရင်သဘာဝအစာကိုစားနိုင်သလို၊ ပဲဖတ် ဖွဲနုအပြင် အသားဓာတ် ၂၀% လောက်ပါတဲ့အစာတောင့်လဲကျွေးလို့ရပါတယ်။
(၃) ထည့်သွင်းမွေးမြူနှုန်းနှင့်မွေးမြူသည့်မျိုးစိတ်များအားထိန်းညှိခြင်း (Stocking Density & Species Balance) - ကဏန်းထည့်သွင်းနှုန်းအနေနဲ့ အခွံပျော့ထုတ်လုပ်မှုအတွက်မဟုတ်ဘဲ အခွံမာထုတ်လုပ်မှုအတွက်ဆိုရင် တစ်ဧက ကို ကောင်ရေ ၃၀၀၀ ထည့်ပေးနိုင်ပါတယ်။ - ရေချိုပုစွန်တုပ်ဆိုရင် တစ်ဧက ၈၀၀၀ နှုန်း၊ ရေငံပုစွန်ကျားဆိုရင် တစ်ဧက ၁၀၀၀၀ နှုန်းထည့်ပေးနိုင်ပါတယ်။ - ရေပေါ်/ရေလယ်ကျက်စားတဲ့(ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ စတဲ့) အစာကိုစုပ်စားတဲ့ရေချိုငါးတွေကိုထည့်သွင်းနှုန်းနဲနဲဘဲထည့်စေခြင်ပါတယ် (တခြားမွေးထားတဲ့မျိုးစိတ်တွေအပေါ်အစာပြိုင်ဘက်မဖြစ်အောင်)။ - မိမိစိတ်ကြိုက်လဲထည့်သွင်းမွေးမြူနိုင်ပါတယ်။
(၂) ရေထိန်းသိမ်းမှုနှင့်ရေအရည်အသွေး - ကန်ရေဧရိယာပေါ်မူတည်၍ ထုံးထည့်ပေးခြင်း၊ သြဇာဓာတ်ထည့်ပေးခြင်းပြုလုပ်နိုင်ပါက ကန်ရေ pH မြင့်မားလာပြီးကန်ရေသြဇာကြွယ်ဝကာ သဘာဝအစာပေါပြီးကန်ရေအရည်အသွေးပိုကောင်းလာမည်၊ ထုံးထည့်ပြီး ၄/၅ ရက်ကြာမှသြဇာဓာတ်ထည့်ပေးရမည်။ - ရေငံဝင်ရောက်ရာဒေသဖြစ်၍ကန်ရေ၏အငံနှုန်း(Salinity) သိရန်လိုသည်၊ ရေငံတွင်ရေငံပုစွန်ကျားနှင့်ရွှံ့ကဏန်းတို့ကောင်းစွာနေနိုင်သော်လည်းရေချိုမွေးမြူရေးငါးများအတွက်အငံနှုန်းမြင့်သည့်ရေတွင်သေနိုင်သည်။ - အခြားအရေးကြီးသည့်ကန်ရေ၏ pH D.O Ammonia တို့ပါစစ်ဆေးနိုင်ပါကပိုကောင်းသည်။ - ရေသွင်းရေထုတ်ပုံမှန်လုပ်ပေးနိုင်ကအကောင်းဆုံးဖြစ်သည်။
(၁) ကန်တည်ဆောက်ပုံ (Structure) ပုံစံကျအောင်ပြင်ရန် - ကန်ရေပြင်ဧရိယာအကျယ် (ခန့်မှန်းဧက)သိအောင်ဆောင်ရွက်ရန်။ - ရေနေအနည်းဆုံးအချိန် ရေအနက် ၅ပေခန့်ရှိအောင်ကန်အောက်ခြေမှကန်ဘောင်အထိ ၈ပေခန့်ထားရန်။ - ရေအောက်ရေပေါ်ပင်ပေါက်နေမှုများအားရှင်းရန် (ရေပေါ်ပင်ကို ကန်ရေဧရိယာ၏ ၁၀%ထက်မပိုစေရန်နှင့်ကန်အောက်ခြေအပင်များမရှိစေရန်)။ - ကန်တွင်းသို့ရေသွင်းရာတွင်ငါးရိုင်းများမပါအောင်ရေစစ်ပြီးသွင်းရန်။ -
ကန်အနေအထားကတာပတ်ထားတဲ့သဘာဝအတိုင်းဒီရေတက်လာရင်ရေသွင်းမယ်၊သဘာဝအလျှောက်ပါလာတဲ့ပုစွန်သားပေါက်ရှိမယ်၊ သီးသန့်လဲသဘာဝသားပေါက်ထည့်ပေးမယ်၊ ကဏန်းရောငါးပါရောထည့်ထားပြီး သဘဝအတိုင်းမွေးထားတဲ့ Natural Pond System လိုမျိုးဖြစ်နေပါတယ်။ ပစ်ထားတာ၂ နှစ်လောက်ရှိပြီဆိုတော့တူးမြောင်းတွေကောပြီး မြက်တွေပေါက်နေတာတွေက မွေးထားတဲ့မျိုးစိတ်တွေကြီးထွားနှုန်းထိခိုက်ရတဲ့အကြောင်းရင်းဖြစ်နေနိုင်ပါတယ်။ အဓိကလုပ်သင့်တာတွေကို အဆင့်လိုက်လုပ်သွားဘို့အောက်ပါအတိုင်းအကြံပြုပါတယ်။
ဆက်စပ်မေးခွန်းများ
အသားတိုးကြက်အကောင်100ရဲ့မီးလွတ်ကနေ ထုတ်သည့်အချိန်ထိကုန်ကျစရိတ်သိချင်ပါတယ်ဗျ
ဖြေကြားချက် 1 ခု
လယ်ကန့်ထဲမှာဘာပုဇွန်မွေးယင်သင့်တော်မည်နည်း ငါးဧကဝိုင်းဆယ်ဧကဝိုင်းတာပတ်ထားသောလယ်များဖြစ်သည် ဧရာဝီတိုင်းဘိုကလေး...
ဖြေကြားချက် 1 ခု
လအနည်းငယ်ဖြင့်မွှေးနိုင်မည့်ငါးဖော်ပြပေးပါတစ်နိုင်တစ်ပိုင်မွှေးကြည့်ချင်ပါတယ်
ဖြေကြားချက် 1 ခု
ဒေသကြက်မွေးမြူခြင်းနှင်ကျရောက်တတ်သောရောဂါများကိုကာကွယ်ကုသခြင်းများကိုသိလိုပါသည်
ဖြေကြားချက် 1 ခု
နွားများ အဖုးပေါက်ရောဂါအတွက် မည်သည့်ဆေးများ ထိုးသင့်ပါသလဲ
ဖြေကြားချက် 1 ခု