ကွမ်းပင်လေးအဲ့လိုဖြစ်နေလို့ပါဗျ ကာကွယ်ကုသနည်းနဲ့ဆေးလေးညွှန်းပေးပါအုံးဗျ
နောက်ဆို ကွမ်းပင်ရောဂါကျလို့ပုံတင်မေးရင် ကွမ်းရွက်အောက်မျက်နှာပြင်ကိုပါသေချာလေးရိုက်ပြီး တင်မေးစေချင်ပါတယ်
ကွမ်း ဘက်တီးရီးယားဆီစွန်းရောဂါပါခင်ဗျာ Copper oxychloride, Bismerthiazol, Kasugamycin တမျိုးမျိုး အလှည့်ကျဖျန်းပက်ပေးပါဗျ ရောဂါကျအရွက်များ ချက်ချင်းခူးပစ်ပါ။ ရေမဝပ်စေရန်အထူးသတိပြုဆောင်ရွက်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းဆီစွန်းနဲ့မှည့်ပျောက်စွန်းရောဂါ ကအတူတူလားမတူဘူးလားခင်ဗျ ဘာဆေးတွေဖြန်းရမလဲခင်ဗျ ခြံမတူပါခင်ဗျ
ဖြေကြားချက် 1 ခု
ကျွန်တော့်ကွမ်းခြံလေးစိုက်ထားတာဆီစွန်းလေး၃ပင်လောက်အခုမိုးရွာတာနဲ့စတင်တွေ့တာပါဗျ ဆီစွန်းကျတဲ့ပင်ကိုနုတ်ပစ်သင့်...
ဖြေကြားချက် 3 ခု
ကျွန်တော့်ကွမ်းခြံလေးဗျာစိုက်ထားတာက၃လရှိပီးမိုးရွာလျှင်လည်းရေလုံးဝမဝပ်ဘူး လေဝင်လေထွက်ကလည်းကောင်းတယ်ဗျဆရာတို့ရေ...
ဖြေကြားချက် 1 ခု
ကွမ်းဆီကွက်တွေဝင်နေလို့ ကျနော်သည်သြော်ဂဲနစ်တမျိုးထဲသုံးတာတစ်နုစ်လောက်ရှိပြီဗျ ထရုိင်ကိုဒါးမား ကိုထန်းလျက်နဲ့...
ဖြေကြားချက် 5 ခု
အဲဒါဘာဖြစ်တာလဲ။ဘာရောဂါလဲဆရာ။စီထားပီးညသိပ်ရင်အစက်တေကပိုများလာတယ်။
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။