အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
232
လွန်ခဲ့သော ၁ နှစ် က · ကျောက်ပန်းတောင်း

မာလကာပင်တွေက ပင်စည် လည်းပိုးမထိုး ပဲနဲ့ အမြစ်‌ဆွေးပြီး တဖြည်းဖြည်း ညှိုးလာပီးသေသွားလို့ပါ ခင်ဗျ အပင်က 3 နှစ်...

မာလကာပင်တွေက ပင်စည် လည်းပိုးမထိုး ပဲနဲ့ အမြစ်‌ဆွေးပြီး တဖြည်းဖြည်း ညှိုးလာပီးသေသွားလို့ပါ ခင်ဗျ အပင်က 3 နှစ်သားအရွယ်ပါခင်ဗျ ကျန်တဲ့အပင်တွေမသေအောင် ဘယ်လိုဆောင်ရွက်သင့်ပါသလဲခင်ဗျ

စိုက်ပျိုး ဗဟုသုတ မာလကာ ကိုင်းဖျားခြောက်ရောဂါ
Post image
4

ဖြေကြားချက် ၄ ခု

349,542 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကိုင်းဖျားခြောက်ရောဂါကျနေတာပါဗျ၊ ဒီလောက်ထိဆိုးဝါးစွာကျရောက်ပြီးမှတော့ ကုသလို့မရတော့ပါဘူးဗျ၊

349,542 လွန်ခဲ့သော ၁ နှစ် က

အပင်ခြေရေမဝပ်စေရန်အစိုဓာတ်မများစေရန်ဂရုစိုက်ပါ။အဟာရမျှတစွာထည့်ပေးပါ။ Mancozeb, Carbendazim , Copper oxychloride တို့ကို ဖျန်းပက်ပြီးကာကွယ်နိုင်ပါတယ်။ ရောဂါမဆိုးခင်ဆို Azoxystrobin , Tebuconazole တမျိုးမျိုးဖျန်းနိုင်ပါတယ်။ ကာကွယ်ရန်ထရိုင်ဂိုဒါးမားအပင်ခြေထည့်ပေးနိုင်ပါတယ်။

232 လွန်ခဲ့သော ၁ နှစ် က

ကိုင်းဖျားခြောက် ရောဂါကို ဘယ်လိုကာကွယ်သင့်ပါသလဲခင်ဗျ

232 လွန်ခဲ့သော ၁ နှစ် က

ရေလည်းမများပါဘူးခင်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။