အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3
လွန်ခဲ့သော ၁ နှစ် က · မှော်ဘီ

ငါးခူသားပေါက် လေးတွေ မွေးထားတာပါ (ဆိုဒ် ၁လက်မကျော်ကျော်) ။ ဒီမနက် ကန်ထဲမှာ အမြှုပ်တွေ အများကြီးတွေ့လို့ပါ ။ ရေ...

ငါးခူသားပေါက် လေးတွေ မွေးထားတာပါ (ဆိုဒ် ၁လက်မကျော်ကျော်) ။ ဒီမနက် ကန်ထဲမှာ အမြှုပ်တွေ အများကြီးတွေ့လို့ပါ ။ ရေကို နောက်ဆုံးပုံပါအတိုင်း စစ်ပြီး ပြန် လှည့်ပတ်စေတဲ့ နည်းနဲ့ရေပေးထားပါတယ် ။ Airpump တေွနဲ့ အောက်ဆီဂျင်လဲ ပေးထားပါတယ် ။အမြှုပ်က ဘာကြောင့်ထရတာလဲ ဘယ်လိုလုပ်ရမလဲခဗျ

Post image
Post image
Post image

ဖြေကြားချက် ၃ ခု

6,582 လွန်ခဲ့သော ၁ နှစ် က

ငါးခူသားပေါက် (၁ လက်မကျော်) လေးတွေကို၊ သစ်သား (သို့) ဝါးကပ်ရိုက်ပြီးတာပေါ်လင်စခင်းထားကာ၊ အောက်ဆီဂျင်ပေးထါးသည့် ရေလည်စနစ် (Recirculation System) ဖြင့်မွေးရာမှာရေအမြှုပ် (Foam) များထွက်တာ "အချက်အလက်တွေမသိရပေမဲ့" အောက်ပါအကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ၁။ ရေထဲမှာ အသားဓါတ် (Protein) သာမန်ထက်များလွန်းခြင်း၊ ၂။ ကျွေးသည့်အစာပမာဏများလွန်းခြင်း (Over feeding) ၃။ ရေထဲမှာသဘာဝအညစ်အ ကြေးပမာဏ (Organic load) မြင့်မားနေခြင်း၊ ၄။ အောက်ဆီဂျင်ပေးသည့်စနစ် (Aeration system) တွင်အသုံးပြုသည့် Airstone/Air diffuser ပေါ်မူ တည်ပြီး သေးငယ်သောဗူဗောင်း(Bubble) များသည် အမြှုပ် (Foam) ဖြစ်စေရန်ထောက်ကူပြုခြင်း၊ ၅။ ရေလှည့်လည်သည့်စနစ် (Water Recirculation System) ပုံမှန်အလုပ်မလုပ်ခြင်း/ထိရောက်မှုမရှိခြင်း တို့ဖြစ်ပါတယ်။

240 လွန်ခဲ့သော ၁ နှစ် က

ဘယ်နှရက်ရှိပီးလဲ ဘာအစာကျွေးလဲ ရေကော ဘယ်လိုလှဲသလဲဗျ

240 လွန်ခဲ့သော ၁ နှစ် က

ဒီနေ့မှ ထဖစ်တာလား ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။