အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko Ye Min Htut
လွန်ခဲ့သော ၁ နှစ် က · ကျောင်းကုန်း

ပိုးသတ်ဆေးတွေဖြန်းတဲ့အခါမှာ ဆေးတစ်မျိုးတည်းကို ထပ်ကာထပ်ကာ မဖြန်းဖို့နဲ့ ဆေးကို သူ့အဆင့်လိုက်ရွေးချယ်ဖြန်းဖို့ကို စိုက်ပျိုးရေးပညာရှင်များက အကြံပြုထားတာ တွေ့ရပါတယ်။ အဆင့်အလိုက်ဖြန်းစေချင်တဲ့ရည်ရွယ်ချက်က ဆေးအပျော့ကနေ နောက်ပိုင်းမှ ဆေးအပြင်းကို ဖြန်းစေချင်တဲ့သဘောကို​ပြောတာလို့ထင်ပါတယ်၊ ဆေးယဥ်ပါးမှု မဖြစ်အောင်ပေါ့။ အဲ့ဒီမှာဆိုရင် ဆေးအပြင်းနဲ့အပျော့ကို ခွဲခြားသိဖို့လိုပါမယ်၊ ဒါကြောင့် ဆေးအပျော့နဲ့ဆေးအပြင်း ဘယ်လိုခွဲခြားသလဲ? ဘယ်အုပ်စုတွေက ဆေးအပျော့လဲ? ဘယ်အုပ်စုတွေက ဆေးအပြင်းလဲ? ဆိုတာကို စိုက်ပျိုးပညာရှင် ဆရာကြီးအား ဖြေကြားပေးစေလိုပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်...

ပိုးမွှားရောဂါ မတ်ပဲ ဆေးဖျန်းနည်း
Post image

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,117,099 လွန်ခဲ့သော ၁ နှစ် က

မေးခွန်းရဲ့ ပထမအချက်ကို ရှင်းပြပါရစေဗျ။ဆေးအုပ်စုaiတမျိုးတည်းကို ထပ်ကြိမ်များစွာ(၃ကြိမ်ဆက်တိုက်...)ဖျန်းရင် ဖျက်ပိုးအတွက်ဆေးယဉ်ပါးနိုင်တာအမှန်ပါ။(ဒါကြောင့် ဆေးအုပ်စုမတူတဲ့ai‌ကို ပြောင်းလဲစေတာပါ)။ #ဒုတိယအချက်က၊ဆေးပြင်း၊ဆေးပျော့ကိစ္စပါ။ဆေးaiတွေမှာ အပြင်း/အပျော့ရယ်လို့ မရှိပါဘူး။သို့သော်တောင်သူတွေနားလည်လွယ်အောင် ထိသေဆေး(contact poison)ECဖော်မြူလာ ဆေးအုပ်စုတွေကို ဆေးများရင်/အပူချိန်မြင့်ရင် အပင်လောင်တတ်လို့(ဆေးပူ/ဆေးပြင်း)လို့သတ်မှတ်ကြတာပါ။ အဲသလိုပဲ၊ပင်လုံးပြန့်အာနိသင်(systematic action)ဆေးအုပ်စုတွေကို (ဆေးအေး/အပျော့)လို့ယူဆကြတာပါ။ နောက်၊တတိယ အချက်၊အဆင့်အလိုက် ဆေးဖျန်းဖို့ဆိုရာမှာ၊အပင်ငယ်စဉ်မှာ စုပ်စားပိုး၊ကိုက်စားပိုးမကျရောက်မီ၊ ပင်လုံပြန့်ဆေးအုပ်စု(

သော်ဇင်
သော်ဇင် 356,223 လွန်ခဲ့သော ၁ နှစ် က

မေးခွန်းကကျယ်ပြန့်နေပါတယ်။ ပိုင်ရီသရိုက်အုပ်စုဝင်ဆေးများသည်ဆေးပြင်းအားများပါတယ်။ယေဘုယျ‌ ပျမ်းမျှအားဖြင့် ဆေးပမာဏအနည်းငယ်ထည့်ရသောဆေးက ဆေးပမာဏများစွာထည့်ရသောဆေးထက် ပြင်းအားပိုပါတယ်လို့မှတါယူနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။