အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
372
လွန်ခဲ့သော ၁ နှစ် က · မကွေး

ကျေးဇူးပြုပီး စိတ်ရှည်ရှည်နဲ့ အကြံပြု -ဖြေကြားပေးကြပါခင်ဗျာ.... ပြောင်းဖူးအချိုမျိုးစိူက်ဖို့ပါ။ မကွေးမြို့နယ်...

ကျေးဇူးပြုပီး စိတ်ရှည်ရှည်နဲ့ အကြံပြု -ဖြေကြားပေးကြပါခင်ဗျာ.... ပြောင်းဖူးအချိုမျိုးစိူက်ဖို့ပါ။ မကွေးမြို့နယ် ကဒေါင်းကြီးရွာပါ မြေက စေးလဲမစေး ပွလဲမပွပါ ရေအစိုဓာတ်ကောင်းကောင်းထိန်းပေးနိုင်ပါတယ်။ မြေခံအဖစ် - နွားချေး၊ ဂျစ်ပဆန်ကျောက်မှုန့်၊အာမို၁၅ပတ်လည် ထည့်ပီးစိုက်ရင်အဆင်ပြေလောက်လားဗျ။ ပြောင်းပင်ပေါက်ပီး -အမြစ်ပွာဆေးအရင်ဖြန်း ပီးမှ -ပုလဲကိုခွဲကျွေး -အာမို၁၅ပတ်လည် ကျွေး -ရွက်ဖြန်းအားဆေး ပတ် အဲ့လိုအစဥ်လိုက်လုပ်သွားမယ်ဆိုရင်ကောအဆင်ပြေလောက်လားခင်ဗျ။ အကြံပြုပေးကြပါ။ မစိုက်ဖူးလို့ပါ။ မေးချင်တာလေးတွေကတော့ * အထက်ပါမြေအမျိူးအစားမှာ ဘယ်ပြောင်းချိုမျိုးစေ့နဲ့သင့်တော်လဲဗျ(135တို့ suger kingတို့လို) * ပြောင်းဘယ်နှစ်ရက်သားကစပီး မှိုဆေး/ ပိုးသတ်ဆေး /အားဆေး/ အမြစ်ပွားဆေး စတင်ဖြန်းသင့်တာလဲဗျ? * အမြစ်ပွားဆေး /မှိုဆေး အားဆေး စတဲ့ဆေးတွေဟာ အနည်းဆူံး ဘယ်နှစ်ရက်ခြားပေးရပါသလဲဗျ။ *အမြစ်ပွားဆေး မှိုဆေး အားဆေးတွေမှာ ဘယ်တံဆိပ်တွေကောင်းကြလဲဆိုလဲဖြေပေးကြပါအုံး ၊ကျေးဇူးပါ။

စိုက်ပျိုးနည်း ပြောင်း အမြစ်အားဆေး

ဖြေကြားချက် ၈ ခု

349,556 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဆေးကတော့ အပင်ရောဂါအမျိုးစား၊ပိုးအမျိုးစားကျရောက်မှုအပေါ်မူတည်ပြီးမှ သုံးစွဲသင့်ပါတယ်။

349,556 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

အားလုံးနီးပါး‌ေတာ့အစီအစဥ်တိုင်းအဆင်‌ေပြပါတယ်။၂၀-၂၁ရက်သားကတည်းကစပြီးမှိူဆေး/ပိုးဆေး/အားဆေးဖျန်းပက်လို့ရပါတယ်။မှို/ပိုး/အားဆေးကို(၁၀-၁၅)ရက်လောက်ခြားပြီးဖျန်းလို့ရပါတယ်။

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၁ နှစ် က

တလသားအရွယ် အမြစ်ပွားဆေးကို ယူရီးယားနဲ့ရောကျွေးနိုင်ပါတယ်

349,556 လွန်ခဲ့သော ၁ နှစ် က

၁၅ရက်နောက်ပိုင်းဖျန်းရပါတယ် အမြစ်ပွားဆေးကို

580 လွန်ခဲ့သော ၁ နှစ် က

မေးတာဖြေပါ

580 လွန်ခဲ့သော ၁ နှစ် က

ဘာတှလေဲ

580 လွန်ခဲ့သော ၁ နှစ် က

ခန္ဓာကိုယ် ကိုယ်ကြီးထွားဖွံဖြိုးစေသောအစာအုပ်စု

372 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါခင်ဗျာ အဆင်ပြေရင် ပြောင့်ဘယ်နှစ်ရက်သားမှာ အမြစ်ပွားဆေး ဖြန်းသင့်လဲဆိုတာ လေးဖြေပေးစေချင်ပါတယ်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။