အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
kyaw zin
kyaw zin 5,064
လွန်ခဲ့သော ၁ နှစ် က · ပွင့်ဖြူ

ဂျပန်ဖြူ၆၈ရက်သားမိုးများပြီးအပင်ဝါအမြစ်နာပြီးအပင်ခြေမဲခြောက်နေလို့ဆေးလိုက်သင့်သေးလားဒီတိုင်းပဲထားသင့်လားအကြံလေးပေးပါအုန်းခဗျ

Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

မစုစုမွန်
မစုစုမွန် 235 လွန်ခဲ့သော ၁ နှစ် က

ရောဘာစိုက်ခင်

မစုစုမွန်
မစုစုမွန် 235 လွန်ခဲ့သော ၁ နှစ် က

ရောဘာခြံ

kyaw zin
kyaw zin 5,064 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ ခဗျာ

သော်ဇင်
သော်ဇင် 353,516 လွန်ခဲ့သော ၁ နှစ် က

မှိုဆေးဖျန်းပက်ပြီးရောဂါသက်သာရင် ၅ရက်ခြား၍အားဆေးဖျန်းပေးပါ။

သော်ဇင်
သော်ဇင် 353,516 လွန်ခဲ့သော ၁ နှစ် က

(၂) ဖိုက်သော်သရာပင်နာကျရောဂါ (Phytophthora blight) ရောဂါဖြစ်စေသောသက်ရှိ - Phytophthora parasitica var. sesame ရောဂါလက္ခဏာ အရွက်နှင့် ပင်စည်ပေါ်တွင် ရေစိုနာ၊ အညိုရောင်ကွက်ပြောက်ကလေးများ စတင် ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အရွယ်အစားကြီးမားလာကာ အညိုရင့်ရောင်၊ အနက်ရောင် အကွက် များဖြစ်လာပြီးသည်။ အပင်များဝါခြင်း၊ အပင်ခြောက်ပြီး သေခြင်းများ တွေ့ရသည်။ အသီးများတွင်လည်းရောဂါကျရောက်မှုရှိသည်။ စိုစွတ်သောရာသီဥတုတွင် ရောဂါကျနေ သောအသီးပေါ်တွင် အဖြူရောင်မှိုမျှင်စုကိုတွေ့ရသည်။ ပြင်းထန်စွာတိုက်ခိုက်ခံ ရပါက အစေ့ များသည်တွန့်ရှုံ့နေသည်။ ပင်စည်ပေါ်တွင်ရောဂါကျရောက်ပါက အရွက်များညှိုးနေပြီး၊ပင်စည် လည်းမည်း၍ခြောက် နေသည်ကိုတွေ့ နိုင်သည်။ ကျရောက်တတ်သောအချိန် မိုးဆက်တိုက်ရွာသွန်းမှုများပြီးမြေတွင်းအစိုဓါတ်မြင့်မားခြင်း၊ အပူချိန်နိမ့်ခြင်းနှင့် စိုထိုင်းစမြင့်များ သောအခြေအနေတွင် ရောဂါကျရောက်နိုင်ပါသည်။ အသုံးပြုနိုင်သောမှိုသတ်ဆေးများ ရောဂါကွက်စတင်တွေ့ရှိပါက အောက်ပါမှိုသတ်ဆေးများအသုံးပြု ပက်ဖျန်းပါ။ Azoxystrobin (အဇိုဆီစထရိုဘင်) Cymoxanil (ဆိုင်မောက်စနေးလ်) Metalaxyl (မီတယ်လဆီ) Dimethomorph (ဒိုင်မီသိုမော့ပ်) Mancozeb (မန်ကိုဇက်) ဖျန်းပက်ပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။