အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
775
လွန်ခဲ့သော ၁ နှစ် က · ချောင်းဦး

နွေနှမ်း စိုက်ဖို့ ထွန်ရေး ထယ်ရေး ဝင်ပုံကို ရှင်းပြပေးပါအုံး အကိုတို့ ခဗျား။ နောက်ပီး နှမ်းမျိုးစေ့ကို ထိရိုင်...

နွေနှမ်း စိုက်ဖို့ ထွန်ရေး ထယ်ရေး ဝင်ပုံကို ရှင်းပြပေးပါအုံး အကိုတို့ ခဗျား။ နောက်ပီး နှမ်းမျိုးစေ့ကို ထိရိုင်ကိုဒါးမား ဘယ်လိုလူးရသလဲဗျ။ ဖျာခင်းပီး ဆေးဖျန်း နေလှန်းလိုက်ရတာလားဗျ။

ဖြေကြားချက် ၃ ခု

775 လွန်ခဲ့သော ၁ နှစ် က

ဟုတ်ကဲ့ဘာ အကိုတို့ရေ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၁ နှစ် က

ထယ်ထိုး၊ထွန်မွှေပြီးရင်၊ထွန်၂ပြန်မှာ မြေဘောင်၁ဘောင် ကန့်ပါ။ရေသွင်းညီစေဖေို့ပါ။တောင်-မြောက်/အရှေ့-အနောက် ဘောင်ကန့်ပြီးရင် ရေသွင်းပါ။ အစိုဓါတ်အနေတော်ချ်န်၊မျိုးစေ့ချပြီး ထွန်နဲ့ဖုံးပေးပါ။(ဒါ..အရိုးရှင်းဆုံးနည်းပါဘဲ)

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၁ နှစ် က

ထရိုင်ခိုဒါးမားမှိုထုတ်ကို မြေဆောင်၊ မျိုးစေ့ဆောင် မှိုရောဂါများကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် မျိုးစေ့ဆေးစီရင်ရာတွင်လည်း အသုံးပြုနိုင်ပါသည်။ အသုံးပြုပုံမှာ ပဲ၊ နှမ်း၊ ပြောင်းမျိုးစေ့များအတွက် မစိုက်ပျိုးမီ ရေတွင် မိနစ်(၃၀) မှ (၂) နာရီခန့် စိမ်ပါ။ မျိုးစေ့(၂)ပြည် ကို ထရိုင်ခိုဒါးမားမှို(၁)ထုပ်နှုန်းဖြင့် လူးနယ်၍ မိနစ်(၃၀)ကြာ လေသလပ်ခံပြီးမှ စိုက်ပျိုးပါ။

You

ဆက်စပ်မေးခွန်းများ

ကွမ်းပင် ၁လသားရှိပါပီ။ ကျွန်တော်က အခုမှ စစိုက်မှာပါ။ ထရိုင်ဂိုဒါးမားက ဘယ်လိုအချိန်မှာသုံးတယ်။ ငါးအမိုင်နိုက...

ဖြေကြားချက် 4 ခု

မတ်ပဲစိုက်ချင်လို့ပါဗျ မြေဆောင်မှိုရောဂါသက်သာစေရန်အတွက် ထရိုင်ကိုဒါးမား အရည်ကို မြေပြင်ကိုဖြန်းချင်လို့ပါ ယခုက...

ဖြေကြားချက် 2 ခု

ဆရာတို့မတ်ပဲအတွက် ထရိူင်ဂိုဒါးမားနဲ့ပုံမှန်လူးနယ်ဆေး အင်မီဒါကလိုပစ်+မန်ကိုဇာတ် မတ်တယ်လက်ဇီး အရောတူတူလူးရင်အဆင်...

ဖြေကြားချက် 3 ခု

ဈေးကွက်မှာရောင်းနေတဲ့ ထရိုင်ကိုပါဝါကလေ ထရိုင်ကိုဒါးမားမှိုမျှင်ပါတာလား မှိုစပိုးသက်သက် ထည့်ထားတာလားဗျ။

ဖြေကြားချက် 3 ခု

ဆရာတို့ထရိုင်ကိုဒါးမားဝယ်လာခဲ့တာပါဗျ တခါမှမဝယ်ဖူးမသုံးဖူးတော့ထရိုင်ကိုဒါးမားဟုတ်မဟုတ်မသိလို့ပါဗျ

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။