ပဲတီစိမ်းအပွင့်အသီးအတွက်ဘိုရွန်းခေါ်လက်ချာ NPK ရေားဖျန်းလို့ရပ့မလားခဗျ့
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
ဒီမေးခွန်းအတွက် အနည်းငယ်ဖြည့်စွက် အကြံပြုပါရစေ။အကြမ်းဖျဥ်းအားဖြင့်၊အပွင့်အသီးအတွက် ဘိုရွန်(လက်ချား)ကို ဖျန်းလို့ရပါတယ်။ သို့သော်၊လက်ချားကို အမှုန့်ကြိတ်ပြီး အလွယ်ဖျန်းလိုက်မိမှာစိုးတာရယ်/လိုအပ်တဲ့ပမာဏထက်ပိုသုံးမိမှာ စိုးရိမ်မိလိူ့ပါ။ တခုခုလွဲမှားရင် အပွင့်အဖူးလေးတွေ ခြောက်သွားတတ်ပါတယ်။ ဒါ့အပြင် NPKကွန်ပေါင်းမြေသြဇာနဲ့ ရောပြီး ရေဖျော်ဖျန်းလိုက်ရင်/အတိုင်းအဆ များသွားရင် ဆိုးကျိုးဖြစ်စေပါတယ်။ ပဲဒီစိမ်းအပွင့်အသီးအတွက် အနည်းလိုအာဟာရလိုအပ်ပါတယ်။ဘိုရွန်တမျိုးတည်းထက် ဇင့်နဲ့တွဲပေးရင် အပွင့်အသီးပိုမိုကောင်းမွန်စေပါတယ်။ အချုပ်အားဖြင့် ၁၀၀%ရေပျော်ဘိုရွန်ကို ၊ NPKနဲ့ရောဖျန်းတာထက်၊ယူရီးယားနုန်းထားမှန်မှန်နဲ့ ဖျန်းပါ။ကွန်ပေါင်းမြေသြဇာနဲ့မရောဖျန်းပါနှင့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေထဲကဆံချည်မျှင်ရေပြွန်လေးတွေအကြောင်းအသေးစိတ်သိချင်ပါတယ်
ဖြေကြားချက် 2 ခု
အီမာမက်တင်ဘင်ဇိုအိတ်ကစုပ်စားပိုးနိုင်တယ်ဆိုဟုတ်လားဆရာ
ဖြေကြားချက် 2 ခု
ဆရာဒို့ဦးလေးခဗျ ပဲတီးစိမ်းလုံးသေးအသီးကဝင်နေပြီး အပင်တက်နှေးနေလို့ Ga3ဟုန်မုန်ဆေးရယ်|အမိုင်နိုအက်ဆစ်ပါတဲ့ဟုန်...
ဖြေကြားချက် 1 ခု
ပဲတီစိမ်းတွင် ကျရောက်တက်သော ပိုမွှားများနှင့် အသံုးပြုရမည် ဆေး အေအိုင်များ ကိုဖြေကြားပေါနိုင်ပါသလားခင်ဗျာ🙏
ဖြေကြားချက် 1 ခု
ဘိုရွန်း ယူရီးယား က ပဲပင် ဘယ်အရွယ်လောက်ဖျန်းရင်ပိုကောင်းပါသလဲ အခြား ဇင့်။ ပိုတက်။ ဖော့ဖိတ် ။ကော့ပါး။မင်းဂနစ်။...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။