စံပယ်ပင်မှာ ဒီလိုအမဲစက်တွေဖြစ်ပြီးမပွင့်လို့ ဘာလုပ်ရမလဲ အကြံပေးကြပါဦးခင်ဗျာ
ယင်ဖြူတွေရော ကျနေသလား... sooty mold လည်းဖြစ်နေဦးမယ်
စံပယ်ပန်းအစက်ပြောက်ရောဂါ ကာကွယ်နှိမ်နှင်းနည်း ၁။ မိုးရာသီအတွင်း အစက်အပြောက်ရောဂါကျရောက်လေ့ရှိသည်. ၂။ မိုးဆက်များမှ တစ်ဆင့်ကူးဆက်သဖြင့် အောက်ဆုံးအရွက်မှစတင်၍ ဖြစ်ပေါ်တတ်သည်။ ၃။ ရောဂါပြင်းထန်ပါက အရွက်များညှိုးနွမ်းသွားပြီး အပင်တွင် ကြာရှည်တွဲလဲရှိနေတတ်သည်။ ၄။ ပန်းပွင့်များကိုပါ ကူူးဆက်၍ အပွင့်များပုပ်စေသည်။ ၅။ ရောဂါရပင်ကြွင်းပင်ကျန်များကို ဖယ်ရှားပါ။ ၆။ ရေအလွန်အကျွံသွင်းခြင်း ရှောင်ကြဉ်ပါ။ ၇။ ရောဂါပြင်းထန်ပါက မန်ကိုဇက်(Mancozeb)၊ ဒိုင်ဖီနိုကိုနာဇိုးလ် (Difenoconazole)၊ ပရိုပီကိုနာဇိုးလ်(Propiconazole)၊ သိုင်အိုဖာနိတ်မီသိုင်း(Thiophanate-methyl)၊ ကလိုရိုသာလိုနေး (Chlorothalonil) ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ပါ။
စံပယ်ပန်းအစက်ပြောက်ရောဂါပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စံပယ်ပန်းစိုက်ဖို့မြေကိုဘယ်လိုပြင်ဖို့လိုလဲဗျ
ဖြေကြားချက် 1 ခု
ရင့်မှည်ဟုန်မုန်း အီသလင်းအကြောင်းသိချင်လို့ပါ... ကျွန်တော်ကစံပယ်ပင်စိုက်ပါတယ် အပင်တွေပေါ်ဖျန်းရင်အရွက်အရင့်တွေ...
ဖြေကြားချက် 2 ခု
အီသလင်း အကြောင်းလေးသိချင်လို့ပါ
ဖြေကြားချက် 2 ခု
ပုလဲမြေသြောဇာကို စံပယ်ပန်းကိုပန်းပွင့်နေချိန် ဖျန်းလိုယလာဗျ
ဖြေကြားချက် 1 ခု
စပယ်ပန်းဖူးလေးတွေအဖူးစိမ်းမှာတင်အဲ့လိုတစ်ခြံလုံးဖြစ်ကုန်လိုမခူးလိုက်ရဘူးဘာဖြစ်တာလဲဗျဘာကြွေးသင့်လဲဘာဆေးဖြန်း...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။