ဖြေကြားချက် ၁ ခု
တစ်ကြိမ်တည်း အကုန်ရောဖျန်းလို့ကတော့ ပိုက်ဆံကုန်တာပဲရှိမယ်ဗျ ရေနစ်မြုပ်စပါးစိုက်ခင်း ရေဝပ်ပြီးရင်တော့ အမြစ်တွေပုပ်ပြီး ရောဂါတွေကျလာနိုင်ပါတယ်။ အရင်ဆုံးကတော့ ရေထုတ်ပေးပါ။ ပြီးနောက် စိုက်ခင်းကို မည်သည့် ဆေးမှ အသုံးမပြုဘဲ ၃-၄ ရက်ခန့် အနားပေးသင့်ပါတယ်။ နိုက်ထရိုဂျင် ဓာတ်လွန်ကဲစွာကျွေးမိလျှင် ရောဂါကျရောက်မှုကိုပိုမို အားပေးနိုင်သောကြောင့် ပုလဲ သီးသန့် ကျွေးခြင်းထက် အခြားသော ပိုတက်နှင့် တီစူပါ၊ ကျောက်မှုန့်မြေဆီများ ထည့်ပေးသင့်သည်။ဖြုတ်ပိုးရှိမရှိစစ်ဆေးပါ ရှိလျှင်ပိုင်မီထရိုဇင်း၊ဒိုင်နိုတီဖျူရန်ကိုေရာစပ်ပက်ဖျန်းနိုင်သည်။ဘက်တီးရီးယားကာကွယ်ရန်ကာစူကာမိုက်စင်နှင့်ကော့ပါးအောက်စီကလိုရိုက်ဆေးကိုလည်းရောစပ်ပြီးတစ်ကြိမ်ဖျန်းပက်နိုင်သည်။ မှိုကာကွယ်ရန်ဒိုင်ဖီနိုကိုနာဇော၊အဇိုဇီစထရိုဘင်တို့ကိုလည်း တစ်ကြိမ်ရောစပ်ပက်ဖျန်းနိုင်သည်။ ဆေးဖျန်းရာတွင်တစ်ကြိမ်နှင့်တစ်ကြိမ်ကို ၇-၁၀ရက်ခြား၍ဖျန်းပက်ပေးပါဗျ
ဆက်စပ်မေးခွန်းများ
စပါးခင်းမှာ ပုံပါ အတိုင်းဖြစ်နေပါတယ် ခင်ဗျာ
ဖြေကြားချက် 1 ခု
စပါးတွေ နို့ရည်တည် ချိန်မှာ ရေတွေလွှမ်း သွားလို့ပါ ခင်ဗျာ အနှံတွေမှာ လည်း နွံတွေ ကပ်ကျန်နေခဲ့ပါတယ် အရင် လ်ို အ...
ဖြေကြားချက် 1 ခု
မင်္ဂလာပါခင်ဗျ လယ် ၁၀ဧက စိုတ်ထားတာ စိုတ်ခင်းက ရေမမြှုပ်ပေမဲ့ လယ်ထဲရေတော်တော်များနေပါတယ်ခင်ဗျ။ရေဆွဲမဲ့ မြောင်းက...
ဖြေကြားချက် 1 ခု
ရေနက်ကွင်းမှာ ဘာစပါးမျိုးစိုက်သင့်လည်းဗျ
ဖြေကြားချက် 2 ခု
စပါး ရေမြုပ်ပြီး စပါးတွေ ဝါတာ ဘာဆေးသုံးရမလဲဗျ ဝါပြီးညို့ကုန်လို့
ဖြေကြားချက် 2 ခု