ကြက်သွန်နီ ပျိုးပင်စိုက်ပီး ၁၅ရက်သားလောက်ကို ဘာအားဆေးဖျန်းသင့်လည်း
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၅ ရက်
ကြက်သွန်နီပြောင်းရွှေ့စိုက်ပြီး၁၅ရက်သားမှာ နိုက်ထရိုဂျင်(N)၊ ပိုတက်စီယမ်(K)၊ဖော့စပရပ်စ်(P)၊ဆာလဖာ(S)၊ဘိုရွန်(B)တို့ကိုအလိုအပ်ဆုံးပါဗျ။ Nကို အရွက်အရောင်စိမ်းပြီးအပင်ဖွံ့ဖြိုးဖို့ Pကိုအမြစ်ဖွံ့ဖြိုးဖို့ Kကိုရောဂါဒဏ်ကိုခံနိုင်ရည်ရှိပြီးအပင်ကျန်းမာဖို့၊ရေငတ်ဒဏ်ခံနိုင်ဖို့ Sကိုတော့ဥသန္ဓေသားလောင်းကြီးထွားဖွံ့ဖြိုးဖို့ Bကဆဲလ်နံရံအသားတွေထူဖို့နဲ့ ပန်းဝတ်မှုံလေးတွေဖွံ့ဖြိုးဖို့လိုအပ်တာပါခင်ဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီစိုက်ပီး ဘယ်အချိန်ဘာဆေးဖြန်းရလဲးဆရာတို့ ပြောပြပေးပါအူး
ဖြေကြားချက် 2 ခု
ကြက်သွန်နီ မျိုးစေ့ အပင်ပေါက်ကောင်းအောင်မည်သို့ပြုလုပ်ရလည်းအကြံပေးပေးကြပါအခုမှစလုပ်မှာမို့ပါ
ဖြေကြားချက် 1 ခု
ရောဂါကျနေလို့ပါ" ဒီလောက်မဆိုးသေးတဲ့အခင်းအတွက်ဘာဆေးသုံးရမလဲ? ယခုပုံထဲကအခင်းကရောဆေးဖြန်းလို့ရနိုင်သေးလား
ဖြေကြားချက် 1 ခု
ပုံပါကြက်သွန်နီခင်း ဘာမှိုဆေးဖျန်းသင့်လည်းဆရာတို့ မြေခံ၁၅.၁၅.၁၅ခံထား မြစ်ဆက်ရေ ကျောက်မှုန့်တအိတ်. nနဲ့sရောပီး...
ဖြေကြားချက် 1 ခု
ပုံပါကြက်သွန်ခင်းဘာလိုအပ်နေလည်းဘာလုပ်ပေးသင့်အကြံမေးပါ မြေခံ၁၅ပတ်လည်ခံထားမြစ်ဆက်ရေnitrogenနဲ့ဆာလဖာရောပက်ထား...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။