အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
လွန်ခဲ့သော ၁ နှစ် က · မြောင်းမြ

မဂ်လာပါဗျ ကျွန်တော်မှာလက်ရှိ ဝါး၊ဓနိ၊သရက်၊အုန်းစသည့် အပင်တွေရှိတဲ့ 1.5ဧက အကျယ်ရှိတဲ့ ခြံတစ်ခြံရှိပါတယ် အဓိကက...

မဂ်လာပါဗျ ကျွန်တော်မှာလက်ရှိ ဝါး၊ဓနိ၊သရက်၊အုန်းစသည့် အပင်တွေရှိတဲ့ 1.5ဧက အကျယ်ရှိတဲ့ ခြံတစ်ခြံရှိပါတယ် အဓိကကတော့ ၎င်းခြံကို ရှင်းလင်းပြီး Tamalan(တမလန်း)စိုက်ချင်တာပါ မေးချင်တာ အခြားအပင်များကိုရှင်းလင်းရာတွင် အမြစ်ပါ ထုတ်ပစ်စရာလိုအပ်/မအပ် ၎င်းအပင်များကို ရှင်းလင်းပြီးရာတွင် မြေဆီလွှာ ပြန်တတ်အောင် အချိန်မည်မျှ စောင့်ဆိုင်းရန်လိုအပ်ပါသလဲ ဆိုတာအကြမ်းဖျင်းသိချင်တာပါ ကျေးဇူးပါဗျ

မြေဆီလွှာ သစ်မွှေး စိုက်ပျိုးဗဟုသုတ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဖြစ်နိုင်ရင်တော့၊ ဘူဒိုဇာ နဲ့ အမြစ်တွေပါအောင် ထိုးကော်ရှင်းပစ်နိုင်ရင်ကောင်းပါတယ်။ဝါး၊အုန်းပင်အမြစ်တွေက နေရာယူလွန်းတယ်။ တကယ်လို့ အဲလို စက်ကြီးမဝင်နိုင်ရင်တော့..နေရာလွှဲပြီး စိုက်ကျင်းပြင်ပါ။ ၃ပေ ပတ်လည်ကျင်းတွေတူးပြီး သဘာဝမြေဆွေး+နွားချေးဆွေး+စက်ဖွဲပြာ ရောပြီး ၁လလောက် ကြိုနှပ်ထားပါ။ ပြီးရင်တော့ ပျိုးပင် ချစိုက်နိုင်ပါပြီ။

116 လွန်ခဲ့သော ၁ နှစ် က

တမလန်းပင်က မြောင်းမြဘက်မှာ ဖြစ်ထွန်းနိုင်မလား အရင်ဆုံးလေ့လာသင့်ပါတယ်၊ နှစ်၄၀ နီးပါးစောင့်ရမှာဖြစ်လို့ ဒေသနဲ့ ကိုက်ညီပြီး တန်ဖိုးချင်းတူနိုင်တဲ့ အပင်မျိုး စိုက်ရင်လည်း ပိုသင့်တော်နိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။