ဖြေကြားချက် ၁ ခု
ကာကွယ်နှိမ်နှင်းနည်း - ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ - လှေးပိုးကျရောက်မှုကို သိရှိနိုင်ရန် အဝါရောင်စေးကပ်ထောင်ချောက်များကို ပိုးကျသောအပင်များအနီးတွင် ချိတ်ဆွဲထားပါ။ - လှေးပိုးပွားများမှုကိုစစ်ဆေးရန် ငရုတ်ပျိုးပင်းများပေါ် ရေဖျန်းပေးပါ။ - လှေးပိုးသားလောင်းနှင့် အရွယ်ရောင်ကောင်များကို ငရုတ်ကိုင်းကို ရိုက်ခြင်း၊ အရွက်များ၊ အပွင့်များကို လှုပ်ပေးခြင်းဖြင့် ကင်းထောက်စစ်ဆေးပါ။ - ငရုတ်ခင်းနှင့် ကပ်ရပ်တွင် လှေးပိုးကိုခံနိုင်ရည်မဲ့သော အပင်များစိုက်ပျိုးခြင်းကို ရှောင်ရှားပါ။ - လှေးပိုးသားလောင်းများ အပေါ်ယံမြေကြီးသို့ ရောက်လာပြီး နေထိသေစေရန် ထယ်ထိုးထွန်မှောက်ပေးပါ။ - ဆိုးရွားစွာပိုးကျသောအပင်များ၊ အရွက်များကို ဖယ်ရှားပါ။ - ငရုတ်ခင်းကို ရေပုံမှန်သွင်းပေးပါ။ - ပူပြင်းခြောက်သွေ့သောရာသီတွင် လှေးပိုးပေါက်ဖွားမှု မြင့်မားသောကြောင့် ရေမကြာခဏ သွင်းပေးပါ။ နိုက်ထရိုဂျင်မြေဩဇာ များစွာကျွေးခြင်းက အပင်များလှေးပိုးကျရောက်မှုကို ခံနိုင်ရည်ရှိပြီး ပိုမိုကျရောက်နိုင်သောကြောင့် နိုက်ထရိုဂျင်မြေဩဇာပိုလျှံစွာကျွေးခြင်းရှောင်ရှားပါ။ - စိုက်ခင်းအတွင်းနှင့် ပတ်လည်တွင်ရှိသော ပေါင်းများကို ရှင်းလင်းပါ။ လှေးများခိုအောင်းနေနိုင်ပါတယ်။ - ငရုတ်နှင့် ကြက်သွန်နီ ရောနှောစိုက်ပျိုးခြင်းရှောင်ရှားပါ။ - လှေးပိုးများ ပျံနှံ့ခြင်းကို ကာကွယ်ရန် လေကာပင်များစိုက်ပျိုးထားပါ။ - စိုက်ခင်းတွင် မိတ်ဆွေပိုးများကိုထိန်းသိမ်းရန် ပိုးသတ်ဆေးအလွန်အကျွံအသုံးပြုခြင်းရှောင်ရှားပါ။ ဓာတုနည်းဖြင့်ကာကွယ်နှိမ်နှင်းမည်ဆိုပါက - အီမီဒါကလိုပရစ် 70% WS ၁၂ ဂရမ်ကို မျိုးစေ့ ၁ kg နှင့် လူးနယ်စိုက်ပျိုးပါ။ - အီမီဒါကလိုပရစ်၊ ဒိုင်မီသိုရိတ်၊ အီမာမက်တင်ဘန်ဇိုရိတ်၊ ဖစ်ပရိုနေး စသော အဆိပ်ပစ္စည်းတမျိုးမျိုးပါဝင်သော ဆေးများကို ဆေးထုပ်တွင်ပါဝင်သောအညွှန်းအတိုင်း တလှည့်စီ သုံးပေးပါ။ ပိုးသတ်ဆေးတစ်မျိုးတည်း အသုံးပြုခြင်းရှောင်ရှားပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
လှေး ပေါက်စလေး တွေအကောင်းသေးသလောက် သတ်ရခတ်လို့ ဘယ်လိုပိုးသတ်ဆေး တွေသုံးသင့်လည်းဗျ
ဖြေကြားချက် 2 ခု
နှင်းဆီ မှာကျရောက်တဲ့ လှေးနဲ့စုပ်စား ဘယ်လိုကာကွယ်ရမလဲ သုံးစွဲရန်ဆေးလေညွန်ပေးပါခင်ဗျ
ဖြေကြားချက် 1 ခု
ပန်းအိုးနဲ့စိုက်ထားတဲ့နှင်းဆီပင်တေကပုံထဲကအတိုင်းအကိုင်းတေရောအရွက်တေရောဖြစ်နေလို့ဘယ်လိုလုပ်ရမလဲဗျ
ဖြေကြားချက် 1 ခု
နှင်းဆီပင် သက်တမ်းကတော့ ၁ နှစ်ကျော်ပါပြီ။ နွားချေး ၊ ကြက်ချေး သဘာဝမြေဩဇာလဲကျွေးပါတယ် ဓာတုမြေဩဇာလဲကျွေးပါတယ်။...
ဖြေကြားချက် 2 ခု
လှေးပိုးတွေအရမ်းဆိုးနေလို့ဗျ။လှေးပ်ိုးနိုင်တဲ့ဆေးလေးပြောပေးပါလား။
ဖြေကြားချက် 1 ခု