အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
264
လွန်ခဲ့သော ၂ နှစ် က · ပင်လောင်း

ခရမ်းချဉ်အပင်က အရွက်တွေအကုန်လုံးဖြူပြီး လောင်ကျသလိုဖြစ်နေတယ်ဗျာ၊ အရွက်ကနေ အဝိုင်းပုံစံ လောင်စကျတဲ့နေရာမှာ အဖြူ...

ခရမ်းချဉ်အပင်က အရွက်တွေအကုန်လုံးဖြူပြီး လောင်ကျသလိုဖြစ်နေတယ်ဗျာ၊ အရွက်ကနေ အဝိုင်းပုံစံ လောင်စကျတဲ့နေရာမှာ အဖြူအမျှင်လေးတွေ အများကြီးဗျ၊ အင်္ကျီနဲ့ ထိမိရင် အင်္ကျီမှာ ကျန်ခဲ့တယ်ဗျ၊ ရောဂါကျပြီဆိုလည်း အကုန်ကူးပြီး အပင်တွေအကုန်နီးပါး အရွက်တွေ ဖြူကျသွားတယ်ဗျ၊ ဘာဖြစ်တာလဲဗျ၊ ဘာဆေးတွေ ဖျန်းရမလဲဗျ

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ် ခရမ်းချဉ်စောပင်နာကျရောဂါ
Post image
Post image
Post image
Post image
Post image
+၄

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၂ နှစ် က

ဒီရောဂါလက္ခဏာက၊ဒီနှစ်မှ တွေ့ဖူးတာပါ။ အထူးသဖြင့်ရှမ်းပြည် ခရမ်းချဥ်ခင်းတွေတွေ့ရပါတယ်။ ရောဂါပုံစံက alternaria sppပါ။ဖြစ်နေကျ/မြင်နေကျ စောပင်နာကျနဲ့မတူပဲ၊စက်ဝိုင်းပုံအတွင်း အရစ်လိုက် ကျယ်လာပါတယ်။အရောင်ကလဲ၊အဖြူရောင်ပြောင်းလာပါတယ်။ ဒါ့ကြောင့်၊မှိုရောဂါ အပေါ်၊ဘက်တီးရီးယားရောဂါ ထပ်ဆင့်ရောစွက်ကျရောက်တယ်လိူ့ယူဆပါတယ်။ ကလိုသာလိူနေး+ဒိုင်မီသိုမော့ /မက်တလက်ဇီး+မန်ကိုဇက် တမျိုးမျိုးဖျန်းပါ။ ၃-၅ရက်ခြားပြီး ကော့ပါးနဲ့ ဘစ်စမာသိုင်ယာဇိုးဖျန်းပါ။ အလယ် ပေါက်ထွက်တာက၊စပိုးသေသွားလိူ့ပါ။

You

ဆက်စပ်မေးခွန်းများ

ဘယ်လိုဆက်လုပ်ရမယ် အကြံဉာဏ်ပေးပါအုံးခများ။ ရောဂါကျတဲ့ကိုင်းတွေညှပ် အပင်တွေနုတ်သင့်တာ နုတ်ပါတယ်။ ဘစ်မာသီယာဇို၊...

ဖြေကြားချက် 1 ခု

ဘယ်လိုဆက်လုပ်ရမယ် အကြံဉာဏ်ပေးပါအုံးဗျ။ ရောဂါကျတဲ့ကိုင်းတွေညှပ် အပင်တွေနုတ်သင့်တာ နုတ်ပါတယ်။ ဘစ်မာသီယာဇို၊ကော့...

ဖြေကြားချက် 0 ခု

ခရမ်းချဉ်ပင်မှာ ယခုလိုရောဂါကျနေပါတယ်ခင်ဗျ ဘယ်လိုဆေးနဲ့ကာကွယ်ကုသရမလဲခင်ဗျ အရွက်မှာဘဲ ဖြစ်နေပါတယ် အသီးပင်စည်တွေ...

ဖြေကြားချက် 3 ခု

ခရမ်းချဥ်ပင် အရွက်နုတွေ အနည်းငယ်ဝါပြီး လိပ်နေတာ ပီးတော့ တစ်ချို့ အပင်တွေက ညှိုးနေလို့ ဘယ်လိုပြုလုပ်ဆောင်ရွက်...

ဖြေကြားချက် 5 ခု

ဘာရောဂါကျတာလည်းဗျာ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။