အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
61
လွန်ခဲ့သော ၇ နှစ် က · ကော့ကရိတ်

ရော်ဘာပင်ကိုင်းကူးနည်းကိုပုံနှင့်တကွပြောပြပေးပါလား

ခေတ်သစ်စိုက်ပျိုးရေး ရော်ဘာ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၇ နှစ် က

တောင်သူအနေနဲ့ မှတ်ပုံတင်ပြီး စိုက်တဲ့သီးနှံမှာ ရာဘာရွေးလိုက်ရင် ကိုယ်ပိုင်စာမျက်နှာအောက်က သင့်သီးနှံကဏ္ဍမှာ စိုက်ပျိုးနည်းအစအဆုံးကို ဓာတ်ပုံနှင့်တကွ ဖတ်နိုင်ပါတယ်။

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၇ နှစ် က

(၁) လက်ခံပင်အား အခေါက်ခွာရ လွယ်ကူသော အပင်ထိပ်ရှိရွက်ဖုံ ရင့်ပြီး အပင်အားရွေးချယ်ပါ။ (၂) လက်ခံပင်ပင်စည်အောက်ခြေ ၆ လက်မ ခန့်အားအဝတ်စသန့်သန့် ဖြင့်သုတ်ပါ။ (၃) လက်ခံပင်အခေါက်အား အမြင့် ဝ.၅ လက်မ မှ အပေါ်သို့ ဒေါင်လိုက် လှီးကြောင်းနှစ်ကြောင်း ဝ.၅ လက်မ ခြား၍ အရှည် ၂ လက်မ အားအတွင်း သစ်သားအထိလှီးပါ။ ယင်းလှီးရာ ၂ ခုအထက်ဖက်တွင် ကန့်လန့်ဖြတ် လှီးကြောင်းရာ ထပ်လှီးပါ။ (၄) အသုံးပြုမည့် မျိုးကိုင်းအားမျိုးကိုင်းပွားခင်း အပင်တွင် ရွက်ဖုံ အထက်နား၌ ၈-၁၀ ပတ် ကြိုတင် ဖြတ်ပါ။ ဖြတ်ယူအသုံးပြုရမည့် မျိုးကိုင်းမှာ ထိပ်ပိုင်းရှိ အရွက်များ ပြန့်ကားကာ မူမှန်အရွယ်ရောက်သည့် အဆင့်ဖြစ် ရမည်။ (၅) ဖြတ်ယူထားသော မျိုးသန့်မျိုးကိုင်းမှ အဖူးပိုင်းများကို ဓါးဖြင့် လှီးထုတ်ပါ။ အဖူးပိုင်းတွင် မျိုးသန့်အဖူးပါသော အခေါက်နုပိုင်းနှင့် အတွင်းသစ်သားစ အနည်းငယ်ပါရှိသည်။ (၆) မျိုးသန့်အဖူးပိုင်းအား လက်ခံပင် အဖူးကူးမည့်နေရာနှင့်အံကျ ဖြစ်နေစေရန် ဘေးနှစ်ဖက်အားညှိလှီးပေးပါ။ အဖူး ကူးမည့်နေရာထက် အနည်းငယ် ငယ်နေရမည်။ အတွင်းရှိ သစ်သားစ ပါးပါးအား အခေါက်မှ ခွာထုတ်ပစ်ပါ။ အခေါက်နှင့် အခေါက် အတွင်းပိုင်းရှိ မျိုးသန့် အဖူးအားမနာအောင် ဂရုစိုက်ခွာရမည်။ ခွာထားသော အဖူးပါ အခေါက်အား အထက်နှင့်အောက်တွင် တိဖြတ်ပေးပါ။ (၇) ဓါးရာ လှီးထားသော လက်ခံပင်မှ အခေါက်ကို အပေါ်မှအောက် သို့ခွာလှန်ပါ။ ယင်းအခေါက်ဖက်အားအောက်ခြေတွင် ဝ. ၅ လက်မခန့် အရှည်ချန်ပြီး ဖြတ်ပါ။ သို့သော် မိုးရာသီ အဖူးကူးမည့် လက်ခံပင် အခေါက်ကိုအောက်မှ အထက်သို့စ၍ ခွာလှန်ပါ။ (၈) အသင့်ခွာပြီး ဖြတ်ထားသော မျိုးသန့်အဖူးအား လက်ခံပင်၌ အဖူး ကူးရန် လှီးဖွင့်ထားသောနေရာ အခေါက်ဖက်ကြားတွင် သွင်းမြုပ်ပါ။ လက်ခံပင်နှင့် မျိုးသန့်အဖူးမှ အသားတိုးလွှာ Cambium များ ပူးထိနေရမည်။ ယင်းနှစ်ခုကြားတွင် ရေ၊ အမှိုက် စသည်များ မဝင်အောင် ဂရုစိုက်ရပါမည်။ (၉) အဖူးမြုပ်ထားသော နေရာအား ဝ.၇၅ လက်မ အကျယ်ရှိသော ပလပ်စတစ် အကြည်တိတ်ကြိုးဖြင့် အောက်မှစ၍ အပေါ်ဖက်သို့ ရစ်ပတ်ချည်နှောင်ပါ။ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန -

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။