ဖြေကြားချက် ၂ ခု
ပေါင်းသတ်ဆေးတွေမှာ ရွေးချယ်ပေါင်းသတ်ဆေး/ရွေးချယ်မဲ့ ပေါင်းသတ်ဆေးတွေ အသုံးပြုတဲ့နေရာမှာ၊ ဘယ်ဆေးက ဓါတ်ကြွင်းပိုများသလဲ?ဆိုတော့... ဓါတုဆေးတွေအားလုံး ဓါတ်ကြွင်းကျန်ကြတာတွေချည်းပါဘဲ။ရွေးချယ်အာနိသင်ထက်၊အသုံးပြုတဲ့ပုံစံအပေါ်မူတည်နိုင်ပါတယ်။ ဥပမာ။ ။အပင်ကိုဖျန်းတဲ့ ပေါင်းသတ်ဆေးထက်၊မေပြင်ဖျန်းတဲ့ပေါင်းအုပ်ဆေးတွေက ဓါတ်ကြွင်းပိုများနိုင်ပါတယ်။ ဒီနေရာမှာ ပေါင်းသတ်ဆေးai အမျိုးအစားအလိုက် မြေထဲမှာ ဓါတ်ကြွင်း ကြာခိန်တွေကွာခြားကြပါတယ်။ Half lifeလို့ခေါ်ပါတယ်။ ဒီဖြေကြားချက်ကို ဒါထက်ပြည့်စုံအောင်ဖြေကြားဖို့ ဆောင်းပါးရေးပြီး တင်ပြနိုင်အောင်ကြိုးစားပါဦးမယ်။ မြေဆီလွှာကိုထိခိုက်နည်းအောင်၊ပေါင်းသတ်ဆေးရွေးချယ်အသုံးပြုဖို့/မြေဆီလွှာ ပြုပြင်ထိန်းသိမ်းနည်း၊..စသဖြင့်ပေါ့။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာကြီးများခဗျား ဒါဘာမြတ်လဲဘာဆေးပက်သင့်လည်း😭😭😭
ဖြေကြားချက် 7 ခု
ဒါကဘာပေါင်းမြက်အမျိုးအစားပါလဲ ကျေးဇူးပြုပြီးပြောပြပေးပါ ဆရာသမားတို့
ဖြေကြားချက် 2 ခု
စပါးခင်ထဲမှာပေါက်တဲ့မြက်သင်တုန်းလို့ခေါ်တဲ့မြက်ကိုဘာဆေးနဲ့ဖျန်းသတ်ရမလဲဆရာအဲဒီမြက်ကအသက်ပြင်းလို့ပါ
ဖြေကြားချက် 4 ခု
တက်ပွတ် အတွက် အထိရောက်ဆုံး Ai ကို ပြောပြကြပါ
ဖြေကြားချက် 2 ခု
ဘာဆေးသုံးရင်သေနိုင်လဲဗျ ပေါင်းဝေး ပေါင်းမဟာ လော့ဒေါင်း ဖျန်းတာ မသေလို့ ဘာမြက်လို့ခေါ်ပါသလဲဗျ သုံးစွဲရမယ့်ဆေး...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ