အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Hein
Hein 1,539
လွန်ခဲ့သော ၂ နှစ် က · လှည်းကူး

၁။ ရုံးပတီ ကို ပျိုးစိုက်ရင် အဆင်ပြေလား ဦးကြီးတို့ ။ဘယ်နှစ်ရက်သားမှာမြေချရမလဲ။ ၂။သခွားနှင့်ပဲ​​ တောင်ရှည်ကို ကြက်ချေးနှင့် ဘောင်ထပ် လို့ရပါသလား ။ ကျေးဇူးတင်ပါတယ် ဦးကြီးတို့။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည် အညွန့်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
စိုက်ပျိုးနည်း ရုံးပတီ

ဖြေကြားချက် ၄ ခု

Hein
Hein 1,539 လွန်ခဲ့သော ၂ နှစ် က

ဟုပျကဲ့ပါဗြ

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 220,328 လွန်ခဲ့သော ၂ နှစ် က

ရုံးပဒိကိုမိုးရာသီဘောင်မြင့်ပြုလုပပြီးစိုက်ပါကျန်ရာသီမှာဘောင်နိမ့်နိမ့်ထားပါရေလွယ်ရင်တနှစ်လုံးစိုက်လို့ရပါတယ်အစေ့ကိုတိုက်ရိုက်ဘောင်ပေါ်မှာစိုက်ပါပျိုးထောင်ရန်မလိုပါ ကြက်ချေးကိုအနဲဆုံးတစ်ပါတ်ကြိုထည့်ထားပါများများထည်ရင်ပိုကြာကြာနှပ်ထားပါ

Hein
Hein 1,539 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးတင်ပါတယ် ခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,121 လွန်ခဲ့သော ၂ နှစ် က

အစေ့တိုက်ရိုက်ချပါ။ ပျိုးရင်လဲရပါတယ်။ အလုပ်ပိုတာပါဘဲ။ ကြက်ချေးကို တနှစ်လောက်ဆွေးအောင်ထားပြီးသုံးတာက အန္တရာယ်ကင်းပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ရုံးပတီပင် ဘာရောဂါကျလည်းတာလည်းခင်ဗျ ဘယ်လိုလုပ်‌‌ေပးရမလည်း ဆရာတို့ရေဖြေပေးပါဦးဗျာ......./

ဖြေကြားချက် 3 ခု

ရုံးပတီပင်အရွက်အောက်မျက်နှာပြင်မှာ အစိမ်နုရောင်ပျတွေ အစုလိုက်တွေ့ရလို့ပါ၊ ဘယ်လိုလုပ်ရမလဲခင်ဗျာ။

ဖြေကြားချက် 3 ခု

ထိသေစားသေဆေးက ဘယ်လိုအခြေအနေမှာသုံးပြီး၊ ပင်လုံးပြန့်က ဘယ်လိုအခြေအနေမှာသုံး ရတာလဲခင်ဗျာ။

ဖြေကြားချက် 2 ခု

ရုံးပတီပင် ၅၀ရက်သား၊ အပွင့်၊အသီးထွက်နေပါပြီ၊ ငါးအမိုင်နိုအက်စစ်ဖျန်းရင် အကျိုးရှိနိုင်သေးလားခင်ဗျာ၊ ရေဝပ်ပြီး...

ဖြေကြားချက် 1 ခု

ငါးအမိုင်နိုအက်စစ် 10cc ကို ရေ 1ဂါလံနဲ့ဖျော်ရင် အဆင်ပြေနိုင်လားခင်ဗျာ။

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။