အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုနေမျိုး
လွန်ခဲ့သော ၇ နှစ် က · မင်းလှ

နွားချေး ကို သြဂဲနစ် မြေသြဇာ ပြုလုပ်ပုံ ပြောပြပေးပါလား

မြေဆီလွှာ
3

ဖြေကြားချက် ၃ ခု

ဦးဇော်နိုင်မြင့်
ဦးဇော်နိုင်မြင့် 2,959 လွန်ခဲ့သော ၇ နှစ် က
ယောရှိန်းအောင်
ယောရှိန်းအောင် 9,357 လွန်ခဲ့သော ၇ နှစ် က

နွားချေး ၁ပိသာ နွားကျင်ငယ်ရည် ၂လီတာ ကို ရေ ၅ဂါလံ နဲ့ သမအောင်မွှေ ပြီး သုံးလို့ရပါတယ်

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၇ နှစ် က

နွားချေးစုဆောင်းရန်အတွက် အကျယ် (၁၁) ပေ ပတ်လည် ရှိသည့် ရေမဝပ်သည့် မြေနေရာတစ်ခု ရွေးချယ်ပါ။ ၂။ ရွေးချယ်ထားသည့် မြေနေရာကို ရေမဝပ်စေရန် (၆) လက်မ အနက်၊ (၆) လက်မ အကျယ် ရေထုတ်မြောင်း ပတ်ပတ်လည် တူးပါ။ ၃။ အပူပိုင်းဒေသတွင် အငွေပျံမှုနည်းစေရန်နှင့် အစိုဓာတ် ထိန်းထားနိုင်ရန် ၂-၃ ပေခန့် ကျင်း တူး၍ ထားနိုင်သည်။ ၄။ နွားချေးထားမည့်နေရာအား နေဒဏ်မိုးဒဏ်မှ ကာကွယ်ရန်အတွက် အမိုးအကာပြုလုပ်ပေးသင့်ပါသည်။ မိုးနည်းသော ဒေသဖြစ်ပါက သစ်ပင်အရိပ်အောက်တွင် ပြုလုပ်နိုင်ပါသည်။ ၅။ နွားကျင်ငယ်ရည်သည် နွားမစင်ထက် နိုင်ထရိုဂျင်ဓာတ် ပါဝင်မှု အားကောင်းသည့်အတွက် နွားကျင်ငယ်ရည်ပါ စုဆောင်းရန် စဉ်းစားသင့်သည်။ ၆။ ထို့ကြောင့် နွားတင်းကုတ် မြေပေါ်တွင် သစ်ရွက်ခြောက်၊ ကောက်ရိုး၊ ရိုးပြတ်၊ မြက်ခြောက် စသည်တို့ကို ဖြန့်ခင်းပြီး နွားများကို ထိုအခင်းပေါ်တွင် မစင်၊ ကျင်ငယ် စွန့်အောင် ပြုလုပ်နိုင်ပါက နွားမစင်သာ မက နွားကျင်ငယ်ရည် ပါ ရရှိမည်ဖြစ်ပါသည်။ ၇။ နွားတင်ကုတ် ရှင်းလင်းသည့်အခါ နွားမစင်၊ ကျင်ငယ်ရည် ရောနေသော အမှိုက်များကို စုဆောင်းပြီး နွားချေးစုဆောင်းမည့် နေရာတွင် ဖြန့်ပုံသင့်ပါသည်။ ၈။ အပင်မြေသြဇာ အဟာရတန်ဖိုး ပိုမိုမြင့်မားစေရန်အတွက် ယင်းအပုံပေါ်တွင် ထုံးမှုန့်၊ မီးဖိုပြာ၊ စပါးခွံပြာ နှင့် မီးဖိုချောင်ထွက် ဆွေးမြေ့သော စွန့်ပစ် ပစ္စည်းများ ဖြန့်ပုံနိုင်ပါသည်။ ၉။ ကျောက်မှုန့်၊ လချေးမှုန့် စသည်တို့ကိုပါ အလိုရှိပါက ပါးပါး ဖြူးထည့်နိုင်ပါသည်။ အကျိုးပြု အဏုဇီဝရည် (EM – Effective microbe) ကိုလည်း ဖြန်းပေး နိုင်ပါသည်။ ၁၀။ ဤနည်းဖြင့် တစ်ထပ်ပြီး တစ်ထပ် နွားချေးကို နှစ်ပတ်လည် စုဆောင်းသွားနိုင်ပါသည်။ ၁၁။ နွားချေးပုံ ထုထည်ကြီးမားလာပါက အပုံပြိုမကျ စေရန် ဘေးပတ်ပတ်လည်တွင် အကာအရံများ ပြုလုပ်ပေးသင့် ပါသည်။ ၁၂။ အစိုဓာတ်နှင့် အဟာရများ အငွေ့ပျံ ပျောက်ဆုံးမှု နည်းပါး လာစေရန် နွားချေးပုံ ပေါ်တွင် ထန်းရွက်ခြောက်များ၊ ဝါးကပ်များ သို့မဟုတ် အမိုးအကာ တစ်ခုခုဖြင့် ဖုံးအုပ် ထားပေးပါက ပိုကောင်းပါသည်။ အာနိသင်သုံးစွဲနည်း · စနစ်တကျ သိုလှောင်ထားသော နွားချေးများကို အသုံးမပြုမီ အထက်အောက် သမအောင် ရောမွှေပေးပါ။ · မိမိစိုက်ပျိုးမည့် သီးနှံအလိုက် စိုက်ခင်း မြေပြင်ချိန်တွင် ထည့်သွင်း သုံးစွဲနိုင်ပါသည်။ · စိုက်ခင်းထဲသို့ မြေမပြင်မီ နွားချေးများကို ကြိုတင် ချထားခြင်းများ မပြုလုပ်သင့်ပါ။ နေအပူချိန်ကြောင့် အဟာရဓာတ်များ အငွေ့ပျံ ပျောက်ဆုံးသွားနိုင်သကဲ့သို့ နေရောင်ခြည်ကြောင့် နွားချေးတွင် ပါဝင်သော အကျိုးပြု အဏုဇီဝ ပိုးများ သေဆုံးနိုင်ပါသည်။ ထို့ကြောင့် နွားချေးထည့်ပြီးပြီးချင်း ထယ်ထိုးမြုပ်နှံ သင့်ပါသည်။ · နွားချေးကို ဓာတ်မြေသြဇာများနှင့်လည်း ရောနှောထည့်သွင်းပါက ဓာတ်မြေသြဇာများ ကို အပင်မှ ကြာရှည်စွာ စားသုံးနိုင်အောင် ထိန်းသိမ်းထားနိုင်ပါသည်။ သို့သော် မကြဲပတ်မီ အနည်းဆုံး တစ်ညခန့် သင့်လျော်သော အစိုဓာတ် ( လက်ဖြင့် ဆုပ်ကြည့်ပါက အလုံးမပျက်သော အနေအထား) တွင် နွားချေးနှင့် ဓာတ်မြေသြဇာကို ရောနှော ဖုံးအုပ်၍ နှပ်ထားသင့်ပါသည်။ · ပေါင်း ပေါက်ရောက်မှုနည်းစေရန် ကောင်းစွာဆွေးမြေ့သော နွားချေးများကိုသာ စိုက်ခင်းတွင် ထည့်သွင်း သုံးစွဲသင့်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။