အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
လွန်ခဲ့သော ၂ နှစ် က · ပျဉ်းမနား

ကျွန်တော်က ဒီနှစ်မှနွေစပါး စစိုက်တဲ့ လယ်သမားပါ ကျွန်တော်တို့စပါးခင်မှာ အရွက်အဖြူရောင်ဖြစ်နေပါတယ် အရွက်ဖျား‌...

ကျွန်တော်က ဒီနှစ်မှနွေစပါး စစိုက်တဲ့ လယ်သမားပါ ကျွန်တော်တို့စပါးခင်မှာ အရွက်အဖြူရောင်ဖြစ်နေပါတယ် အရွက်ဖျား‌လည်းခြောက်နေတဲ့အကွက်လေးတွေဖြစ်နေပါတယ် ပိုးကျတာလား ရောဂါကျတာလား ဘယ်လိုကုသကာကွယ်ရမလည်း ဖြေကြားပေးကြပါရန် မေတ္တာရပ်ခံပါတယ်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၇၃ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဘက်တီးရီးယားရွက်ခြောက်ရောဂါ လက္ခဏာပါ။ ရောဂါရစပါးရွက်ပေါ်မှာ အရည်ကြည်ဥလေးတွေ/သို့မဟုတ် စပါးရွက်ဖြတ်ပြီး ရေဖန်ခွက်အကြည်ထဲ ထည့်ကြည့်ရင် မီးခိုးငွေ့လေးတွေ ထွက်လာလိမ့်မယ်။ ဘက်တီးရီးယားရောဂါသေချာပြီဆိုရင် ကော့ပါး ၄ဇွန်း+ဘစ်စမာသိုင်ယာဇိုး ၈ဇွန်း/ဆေးတပုံးနုန်း ဖျန်းပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။