အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1
လွန်ခဲ့သော ၂ နှစ် က · မြိတ်

ဂဏန်း ရေပျော့ မွေး မလို့ 0.3 ဧက လောက် ရှိတဲ ကန် အသစ် တူးထား ပါ တယ် ခင်ဗျား ရေသွင်းပြီး ဒီအတိုင်းမွေး လို့ အဆင်...

ဂဏန်း ရေပျော့ မွေး မလို့ 0.3 ဧက လောက် ရှိတဲ ကန် အသစ် တူးထား ပါ တယ် ခင်ဗျား ရေသွင်းပြီး ဒီအတိုင်းမွေး လို့ အဆင် ပြေ လား ။ ဒါမှ မဟုတ် မမွေးခင် ရေဩဇာ/မြေဩဇာ ကောင်း ဆေးဝါ တွေ ထည့် ပြီးမှ မွေးရလား ဆိုတာ အကြံပြု ပေးပါ ခင်ဗျား

ဇီဝလုံခြုံရေး
Post image

ဖြေကြားချက် ၁ ခု

6,582 လွန်ခဲ့သော ၂ နှစ် က

၁။ (Mud Crab) အားကဏန်းပျော့ (Soft Shell Crab) ထုတ်လုပ်ရန်ရည်ရွယ်ချက်ဖြင့်မွေးမြူမည့် မြေသားကန်သည် ငါးပုစွန်မွေးမြူရေးကန်များအတွက်ကြိုတင်ပြင်ဆင်လုပ်ဆောင်ရသည်များမှာ အတူတူပင်ဖြစ်ပါသည်။ ၂။ကွာခြားချက်အနေဖြင့် ကဏန်းမွေးမြူရေးကန်အတွက်ရေအနက်မှာ ၃ ပေ မှ ၄ ပေအတွင်းရှိကလုံလောက်ပါသည်။အဓိကရေသွင်းရေထုတ်လုပ်နိုင်ပါက ပိုကောင်းပါသည်။ ၃။ ရေသွင်းရေထုတ်ပုံမှန်ပြုလုပ်နိုင်ပါက ကန်ရေအားအထူးတလည်ပြင်ဆင်ရန်မလိုပါ။ သို့သော် က ဏန်းမွေးမြူမည့် ကန်ရေ၏မူလ အရည်အသွေးကိုသိရန်လိုပါသည်။ ၄။ အောက်ပါကန်ရေအရည်အ သွေးအတိုင်းရှိနေပါက ထပ်၍ပြု ပြင်ရန်မလိုပါ။ - Salinity(အငန်နှုန်း) = 10 - 25 ppt - Temperature(အပူချိန်)=25 - 32ံC - pH (ချဥ်ဖန်ဓါတ်) = 6.8 - 8.5 - Transparency(ရေကြည်နှုန်း) = 20 - 30 Cm Dissolved Oxygen(ပျော်ဝင်အောက်ဆီဂျင်) = >4 ppm ၅။ ကန်၏မူလရေအရည်အသွေးစစ်ဆေးနိုင်ခြင်းမရှိပါက ငါးမွေးကန်အတွက်ပြင်သလိုမျိုး သင့်သလောက်သာထုံးထည့်ခြင်းလုပ်ငန်းဆောင်ရွက်၍ တစ်ပတ်ကြာပြီးမှ သြဇာဓါတ်(သင့်သလောက်) ထည့်ပေးရမည်။ ယင်းမှတစ်ပတ်ကြာလျှင် ကဏန်းထည့်သွင်းမွေးမြူနိုင်ပြီဖြစ်သည်။ ၆။ ကန်ရေ၏မူလရေအရည် အသွေးကိုလဲမစစ်ဆေးနိုင်သလိုကန်ရေပြုပြင်ခြင်းကိုလည်းမဆောင်ရွက်နိုင်သည့်အနေအထားတွင် ကန်ရေအားတစ်ပတ်လျှင်အနည်းဆုံး တစ်ကြိမ်ရေသွင်းရေထုတ်ပြုလုပ်နိုင်ပါကလည်း ကဏန်းထည့်သွင်းမွေးမြူနိုင်ပါသည်။ ၇။ မွေးမြူနေစဥ်ကာလတလျှောက် လုံးကန်ရေပြုပြင်ထိန်းသိမ်းခြင်း/ရေသွင်းရေထုတ်လုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးရန်လိုပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။