ဖြေကြားချက် ၁ ခု
နေကြာပင်ရဲ့ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးသက်ရောက်မှုတွေက ရေးပြလို့ မပြည့်စုံနိုင်အောင် ရှိလှပါတယ်။ Phytoremediation(မြေကြီးထဲမှ အဆိပ်အတောက်တွေကို ပြန်လည်သန့်စင်ပေးနိုင်သောအပင်မျိုး)အပင်အဖြစ် ထင်ရှားတဲ့အပင်မျိုးပါ။ ခဲ၊အာဆင်းနစ်၊ယူရေနီယံ ကဲ့သို့သော heavy metalတွေကို အမြစ်မှစုပ်ယူပြီး အပင်ဆဲလ်အတွင်းစုဆောင်းနိုင်ပါတယ်။ နေကြာပန်းတွေက လေထုမှ ကာဘွန်တွေကို စုဆောင်းပြီး သဘာဝပတ်ဝန်းကျင် လေထု သန့်ရှင်းစေပါတယ်။ ကာဘွန်ကို အပင်တစ်ရှူးထဲ သိမ်းဆည်းပါတယ်။ ေနာက်ပြီး နေကြာပင်ရဲ့ အမြစ်တွေ၊မြေကြီးထဲတိုးဝင်ပြီး အဆိပ်ဓါတ်ကြွင်းတွေ စုပ်ယူပြီး သန့်စင်ပေးမှုကြောင့် မြေဆီလွှာတွေ ကောင်းမွန်စေပါတယ်။ ပြောရရင်တော့ အပေါ်မှာ ဆိုခဲ့သလို၊ ရေးလို့မကုန်အောင်များပါတယ်။သို့သော် အဓိက အကျိုးပြုတဲ့ အချက်တွေကတော့ အခုဖော်ပြပါ အချက်တွေပါဘဲ...
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြံပင်မာမြေဆီလွာကြောင့်ဘာရောဂါဖစ်တတ်လဲ
ဖြေကြားချက် 1 ခု
မြေခံ မြေသြဇာ အနေနဲ့ P2O5(46%)ပါတဲ့ သံကွင်းတံဆိပ်မြေသြဇာကိုသုံးရင်အဆင်ပြေလား အစေ့အတွက် မြေခံမြေသြဇာကိုရွှေးရင်...
ဖြေကြားချက် 2 ခု
ကြက်သွန်ခင်းအတွက် မြေပွဆေး သုံးချင်ပါတယ်။ ဘယ်အမျိုးအစားထဲက သုံးရမလဲ သိချင်ပါတယ်။
ဖြေကြားချက် 1 ခု
ဆရာအမြစ်မှာဖွေးနေပါတယ်ခင်ဗျာ ပေါင်းသတ်ဆေးအနေနဲ့တော့ဘစ်ဘိုင်ရီပဲသုံးပါသေးတယ်ဗျ အရိုင်းဆေးတစ်ခါမှမသုံးဘူးပါတဲ့...
ဖြေကြားချက် 1 ခု
ပဲစောင်းလျားပင် မစိုက်ပျိုးခင်မှာ မြေကြီးရဲ့ moisture contentက 8.51 ဖြစ်ပြီး စိုက်ပျိုးပြီးတဲ့နောက်မှာ 2.64...
ဖြေကြားချက် 3 ခု