ဖြေကြားချက် ၂ ခု
ပိုးကိုနှိမ်နင်းပြီဆိုရင် ဆေးဖျန်းရုံနဲ့မပြီးပါဘူးခင်ဗျာ စိုက်ခင်းအခြေအနေကိုပိုးမကြိုက်အောင်ဖန်တီးပေးတာ သန့်ရှင်းရေးဂရုစိုက်ပေးတာ ဘက်စုံနည်းနဲ့ကာကွယ်တာတွေလုပ်ပေးသင့်ပါတယ် ဆေးဖျန်းပေမယ့်ပိုးမနိုင်တာက အနာနဲ့ဆေးလွဲနေလို့ဖြစ်နိုင်သလို ဆေးကိုစနစ်တကျမသုံးမိတာကြောင့်မိတ်ဆွေပိုးတွေကိုပါထိခိုုက်စေခဲ့လို့လည်းဖြစ်နိုုင်ပါတယ် သီးလုံးဖောက်ပိုးကို ကလိုရိုပိုင်ရီဖော့စ် အဆီဖိတ် ဆိုက်ပါမီသရင်း တို့ကိုသုံးပြီးနှိမ်နင်းရမှာဖြစ်သလို ထရိုင်ကိုဒါးမား အကျိုးပြုမှိုကိုစိုက်ခင်းတွေအတွင်းထည့်ပေးတာ ပိုးကျနေတဲ့အပင်၊ ပျက်စီးနေတဲ့အပင်တွေကိုစိုက်ခင်းအတွင်းကဖယ်ရှားပေးတာ ပိုးရုပ်ဖုံးတွေကမြေကြီးထဲမှာလုပ်တဲ့အတွက်ကြောင့် စိုက်ဘောင်တွေကိုပလက်စတစ်အုပ်ပေးတာ ပေါင်းရှင်း၊ အပင်မြေဆွတာတွေပါလုပ်ပေးပြီးနှိမ်နင်းတာတွေလုပ်ပေးပါ
ဆက်စပ်မေးခွန်းများ
ပွင့်ထွေး သီးလုံးဖောက် ကျနေလို့ဘာဆေးသံုးရမလဲဗျ အသီးအားကောင်းဖို့ဆိုရင်ယော ဆရာခဗျ
ဖြေကြားချက် 2 ခု
သီးလုံးဖောက်ပိုးလို့ထင်ပါတယ် ဆရာ၊ ပိုးမဖောက်သေးတဲ့အသီးတွေကို ဘယ်လိုကာကွယ်ရမလဲဆရာ။
ဖြေကြားချက် 1 ခု
ခရမ်းသီးတွေကို ပိုးတွေဖောက်လို့ပါ၊ ဘာပိုးလဲ၊ ဘယ်လိုကာကွယ်၊ နှိမ်နင်းရမလဲ ဆရာ။
ဖြေကြားချက် 2 ခု
ခရမ်းအတွက် ခေါင်ညွန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုးနှိမ်နင်းနိုင်ရန် အဆီတာမီပရစ်(အဆက်)+အင်ဒိုဇာကပ်(ငှက်ကြီး...
ဖြေကြားချက် 2 ခု
ခရမ်းချဥ်သီးမာလည်းအစက်လေးတွေတွေ့ပါတယ်၊သီးလုံးဖောက်ပိုးလည်းတွေ့ပါတယ်ခင်ဗျ
ဖြေကြားချက် 2 ခု