အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သက်မင်းကို
လွန်ခဲ့သော ၂ နှစ် က · တပ်ကုန်း

N P K အရည်လုပ်နည်းလေး မှပေးကြပါ သိချက်လို့ပါ

အပင်အာဟာရ ကွမ်း

ဖြေကြားချက် ၂ ခု

သက်မင်းကို
သက်မင်းကို 1,940 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဉီးဉီး

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,620 လွန်ခဲ့သော ၂ နှစ် က

NPK ဓာတ်တွေပါတဲ့ သဘာဝမြေသြဇာအရည် (အရွက်ဖျန်း) ကိုပြည်တွင်းရှိပြီးဖြစ်တဲ့ သဘာဝပစ္စည်းတွေနဲ့ လွယ်လွယ်ပြုလုပ်သုံးစွဲနည်းလေးကို တင်ပြပေးလိုက်ပါတယ်။  🔸လိုအပ်တဲ့ပစ္စည်းတွေကတော့ ….. (၁)ထမင်းခြောက် (စားကြွင်း၊ စားကျန် ပိုနေတဲ့ထမင်းရေဆေး နေလှန်း အခြောက်ခံထားတဲ့ပစ္စည်း) ကီလိုဝက်။  (၂) ဟင်းသီးဟင်းရွက် (ရောင်းမကုန်၊ ချက်ပြုတ်ပိုလျှံလွှင့်ပစ်ရမယ့်အသီးအရွက်အတိုအစများ) ကီလိုဝက်။  (၃) အုန်းစိမ်းရည် (၁၀) ဇွန်း။  (၄) EM (Effective Microorganism) တစ်ဇွန်း။  (၅)သကြားလေးဇွန်း။  (၆) ရေသန့်တစ်လီတာ။  🔸ပြုလုပ်သုံးစွဲနည်း .....  ▪️ သန့်ရှင်းပြီး အဖုံးပါတဲ့ ဘူးတစ်ခုထဲသို့ နုပ်နုပ်စဉ်းထားတဲ့ ဟင်းသီးဟင်းရွက်အတိုအစများကိုထည့်ပါ။  ▪️ ထမင်းခြောက်ကီလိုဝက်ကိုထည့်ပါ။  ▪️ အုန်းစိမ်းရည် ၁၀ဇွန်း၊ EM တစ်ဇွန်း၊ သကြားလေးဇွန်း၊ ရေသန့်တစ်လီတာ တို့ကိုထည့်ပြီးနောက် သမသွားအောင်ကောင်းစွာမွှေပေးပါ။  ▪️ ပြီးရင်အဖုံးလုံအောင်ပိတ်ပြီး အရိပ်ထဲမှာ တစ်ပတ်ထားပါ။  ▪️ ရက်ပြည့်တဲ့အခါ စွပ်ကျယ်စ (သို့) ပိတ်ပါးစနဲ့စစ်ယူပြီး ရရှိတဲ့အရည်ကို အသုံးပြုနိုင်ပါတယ်။  ▪️ ဆေးဖျန်းပုံးတစ်ပုံးကို ရေအပြည့် လေးဂါလန်ခန့်ထည့်ပြီး ဆေးရည်စတီးဇွန်းငါးဇွန်း ထည့်ဖျန်းနိုင်ပါတယ်။  ▪️ အပင်ရင်း၊ ပင်စည်၊ အရွက်အားလုံး ဖျန်းနိုင်ပါတယ်။  ▪️ သဘာဝပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ ဓာတ်မြေသြဇာအရည်ဖြစ်တဲ့အတွက် အရွက်လောင်တာမရှိနိုင်ပါ။  ▪️ NPK ၁၅ပတ်လည် ဓာတ်မြေသြဇာအရည်နဲ့ အာနိသင်ညီမျှတယ်လို့ဆိုပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။