အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Pyae Paing
Aung Pyae Paing 1,344
လွန်ခဲ့သော ၇ နှစ် က · ညောင်တုန်း

စပါးဈေးကတော့ ကျနေတယ် တောင်သူတွေအတွက် မြေသြဇာဈေး ပိုးသတ်ဆေး ဆီဈေးကတော့ ပလူပျံနေတာပဲ ဒီနှစ်လယ်သမားတွေ မြေသြဇာ ပိုးသတ်ဆေးတွေကို ဈေးနည်းနည်းနဲ့ထိရောက်မယ့် ပစ္စည်းတွေကိုပဲ သုံးစေချင်တယ် သေချာတယ့်မျိုးတွေကိုလည်းသုံးစေချင်တယ် မဟုရင် တောင်သူတွေအတွက်အဆင်ပြေမှာမဟုဘူးဟေ့

စိုက်ပျိုး ဗဟုသုတ စပါး စပါးမျိုးများ
5

ဖြေကြားချက် ၅ ခု

မောင်ဖြိုး
မောင်ဖြိုး 931 လွန်ခဲ့သော ၇ နှစ် က

ဟုတ်တယ်ဗျာ

Yan Naing
Yan Naing 353 လွန်ခဲ့သော ၇ နှစ် က

အမှန်ဘဲဗျို့

Aung Pyae Paing
Aung Pyae Paing 1,344 လွန်ခဲ့သော ၇ နှစ် က

ဟုတ်ပါ့ဗျာ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,046 လွန်ခဲ့သော ၇ နှစ် က

တောင်သူတွေ စိုက်ပျိုးမှတ်တမ်းကို သေချာတင်ထားပြီး အရှုံးအမြတ်အတိကျ တွက်စေချင်ပါတယ်။ ဒါမှ မလိုအပ်ဘဲ သုံးနေရတာတွေ လျော့ဖို့ ဖြစ်လာမှာပါ။ (ဥပမာ ဓာတ်မြေသြဇာဈေးကြီးလာရင် ဓာတ်မြေသြဇာကို လျော့သုံးပြီး သဘာဝမြေသြဇာနှင့် ကောင်းကောင်းဆွေးမြေ့ထားတဲ့ နွားချေးထည့်သွင်းတာမျိုး။ မှိုသတ်ဆေးလျော့ပြီး မြေပြင်ကတည်း ထရိုက်ကိုဒါးမား စထည့်တာမျိုး စလုပ်သင့်ပါတယ်။) ပညာရှင်တွေကလည်း တောင်သူတွေ အပေါ်ပိုဂရုစိုက်ပြီး သွင်းအားစုရောင်းရဖို့ထက်ပိုပြီး တောင်သူဘက်က ရပ်တည်းပေးဖို့ လိုအပ်လာပါပြီ။

မျိူးမင်း
မျိူးမင်း 1,340 လွန်ခဲ့သော ၇ နှစ် က

စပါးတင်မဟုတ်ပါခင်ဗျား

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။