ဖြေကြားချက် ၂ ခု
သီးနှံတစ်မျိုးတည်းတိုက်ရိုက် စိုက်မယ်ဆိုရင် ၁. တူညီတဲ့ အဟာရတွေကိုပဲ နှစ်စဉ်ဆက်တိုက် အပင်က စုပ်ယူနေတဲ့အတွက် မြေဆီလွှာထဲက အဟာရဆုံးရှုံးမှုတွေ ရှိပါတယ်။ ၂. သီးနံတစ်မျိုးတည်းစိုက်တဲ့အတွက် ပိုးမွှားရောဂါ ပြန့်နှံမှု မြန်နိုင်ပါတယ်။ အရင်နှစ်က ပိုးရောဂါတွေကလည်း အပင်အကြွန်းအကျန်တွေထဲမှာ ဆက်ရှိနေနိုင်ပါတယ်။ ၃. ပိုးရောဂါ ကျရောက်မှုလည်း များလာနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ သီးနံအမျိုးအစားပြောင်းလဲစိုက်ပျိုးပါ။ (ဥပမာ ပြောင်းကနေ ပဲသီးနှံပြောင်းစိုက်တာမျိုး)။ သဘာဝမြေသြဇာများများထည့်ပေးပါ။ (ဓာတ်မြေသြဇာက ရေတိုပဲ ကောင်းပါတယ်။ နှစ်တွေအများကြီး စိုက်ဖို့ဆို သဘာဝမြေသြဇာကပဲ ဆွဲဆန့်ပေးနိုင်မှာပါ)။ သစ်စိမ်းမြေသြဇာ ထည့်ပေးပါ။ သီးလှည့်စိုက်တဲ့အခါမှာ ပဲသီးနံတစ်မျိုးမျိုးနဲ့ လှည့်စိုက်ပေးပါ (ပဲပင်က မြေကြီးထဲကို နိုင်ထရိုဂျင် - ပုလဲမြေသြဇာဓာတ် ပြန်ထည့်ပေးပါတယ်)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နေဗီယာမြက်စတင်စိုက်ပျိုးရန် မြေစီကို အရင်ဘာပြုလုပ်သင့်ပါသလဲ မည့်သည့်ဓါတ်မြေသြဇာ အသုံးပြုရန်လိုပါသလဲခင်ဗျာ
ဖြေကြားချက် 2 ခု
အပင်အတွက်အကောင်းဆုံးအရွက်ဖြန်းအားဆေးသိချင်ပါတယ်
ဖြေကြားချက် 2 ခု
လယ်တမန်းတွေရေထည့်ထားတာတောင်မာနေတယ်မြေဆီပက်ထားတောင်အပင်ပတက်မလားဘူးဘယ်လိုလုပ်ရမလဲအကြံပေးပါအုန်း
ဖြေကြားချက် 7 ခု
ထရိုင်ကိုဒါးမားမြေသြဇာလုပ်နည်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ဝဥစိုက်စနစ်သိချင်ပါတယ်
ဖြေကြားချက် 1 ခု