အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,876
လွန်ခဲ့သော ၂ နှစ် က · မုံရွာ

ဆရာတို့ခင်ဗျာ့ ပဲခင်းမှာ ပန်းဖြိုင်ဖြိုင်ပွင့်နေပါပီ ပွင့်ထွေးနှင့် သီးလုံးဖောက်ပိုးကို ကာကွယ်ရန်အတွက် လပြည့်အ...

ဆရာတို့ခင်ဗျာ့ ပဲခင်းမှာ ပန်းဖြိုင်ဖြိုင်ပွင့်နေပါပီ ပွင့်ထွေးနှင့် သီးလုံးဖောက်ပိုးကို ကာကွယ်ရန်အတွက် လပြည့်အမှီမှာ ဖလံနိုင်တဲ့ဆေးလို့သိရတဲ့ ပရိုပီနိုဖော့+လန်ပဒါဆိုင်ဟေလိုသီရင် ပါဝင်သော "ဆလက်ပလက်" ပိုးသတ်ဆေးအား ဖျန်းလိုပါတယ် ပန်းပွင့်မှု အပွင့်အသီးကြွေကျမှုတို့ ဖြစ်နိုင်ပါသလားဗျာ့ ဆေးညွန်းပါကတော့ ရေ၂၀လီတာမှာ ၄၀-၅၀cc ပါ နောက်ထပ်သိချင်တာကတော့ လမပြည့်မှီဖျန်းသင့်ပါသလား လပြည့်ကျော်မ ဖျန်းသင့်ပါသလားဗျာ့

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

အဖူးဝင်ချိန် ဆလက်ပလပ်စ် ဖျန်းခြင်းအားဖြင့်၊ဖလံ/ဖလံ ဥ များကန်း​စေပါတယ်။ လပြည့်ည​တွေမှာ မိတ်လိုက်ရင်၊လပြည့်​ကျော် ၃/၄ရက်မှာ ဥချပါလိမ့်မယ်။ အပွင့်ချိန်နဲ့ တိုက်ဆိုင်​နေရင်..ည​နေချိန် ဖျန်းနိုင်ပါတယ်။

2,876 လွန်ခဲ့သော ၂ နှစ် က

အဖူးဝင်ချိန်အခါက စုတ်စားပိုးများပါနိုင်စေချင်သောကြောင့် အဘာမက်တင်+အဆီတာမီပရစ် (၂၀+၂၀)ဖျန်းပါတယ်ခင်ဗျာ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။