ဖြေကြားချက် ၄ ခု
ဆလပ်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပါတယ်။ အကောင်းဆုံးမှာ သဲနုန်း သို့မဟုတ် နုန်းမြေတွင် နွားချေးမြေဆွေး နိုင်နိုင်ချပေးရမည်။ ရေမဝပ်သော ခဲမြေတွင်လည်း စိုက်ပျိုးရန်သင့်တော်ပါတယ်။ စောစောထွက်လိုက သဲနုန်းမြေတွင် စိုက်သင့်ပါတယ်။ အချဉ်ဓာတ်များသော မြေတွင် ကောင်းစွာ မဖြစ်ထွန်းချေ။ ဆလပ် စိုက်ပျိုးမည့် မြေသည် အစိုဓာတ်ကောင်းစွာထိန်းနိုင်ရန် အရေးကြီးသော်လည်း ရေမဝပ်စေရပါ။
ဆလပ်ကိုဆလပ်ကို အချို့က ပျိုးထောင်စိုက်ပျိုးကြ၍ အချို့က တိုက်ရိုက်စိုက်ပျိုးနိုင်ပါတယ်။ အထူးသဖြင့် ရွက်ပြန့်မျိုးကို တိုက်ရိုက်စိုက်ပျိုးကြပါတယ်။ ရာသီပေါ်မူတည်၍ ကွာခြားနိုင်ပါတယ်။ ဩဂုတ်၊ စက်တင်ဘာလများတွင် တိုက်ရိုက်စိုက်နိုင်ပြီး အောက်တိုဘာ၊ နိုဝင်ဘာလသို့ ရောက်သောအခါ ပျိုးထောင်၍ စိုက်ပျိုးနိုင်ပါတယ်။ ဆလပ်ကို ပျိုးထောင်က အများအားဖြင့် ပျိုးဘောင်တွင် မျိုးစေ့ကို ညီညာအောင်ကြဲ၍ ပေါ်ယံ မြေဖြူးပေးပြီး ကောက်ရိုးပါးပါးနှင့် အုပ်ပေးပါ။ အပင်လေးများပေါက်လာပါက ကောက်ရိုးကို ဖယ်ရှားပေးပါ။ အစိုဓာတ် မပြတ်စေရန် နေ့စဉ် ရေမှန်မှန်လောင်းပေးပြီး စိုက်ခင်းတွင် ပြောင်း၍ စိုက်ချိန်၌ ရာသီဒဏ်ခံနိုင်၍ ပျိုးပင် ကလေးများကို တစ်ပတ်အလိုတွင် မကြာခဏ ရေဖြတ်ပေးရပါမယ်။
ဆက်စပ်မေးခွန်းများ
ကိုက်လံစိုက်ပျိ ုးနည်းလေးတင်ပေးပါလား
ဖြေကြားချက် 1 ခု
ဆလပ် စိုက်တာမပေါက်လို့ဘလိုလုပ်ရမလဲ
ဖြေကြားချက် 1 ခု
အန္တရာယ်ကင်းစေသောအရွက်ဆေးဖြန်းနည်းလေအလင်းပြပါဆရာ
ဖြေကြားချက် 3 ခု
ကောမက်ရွက်ဖျန်းမြေသြဇာ နှင့်ပုလဲဓာမြေသြဇာရော ဖျန်း၍ရပါသလားခမျ သိလျင်ဖြေပေးကြပါဦးခမျ
ဖြေကြားချက် 2 ခု
အစိမ်းရောင်လမ်းမင်္ဂလာပါ။အိုင်အီးအမ်ပြုလုပ်နည်းကိုဖတ်ရပါတယ်။ကျေးဇူးတင်ပါတယ်။စိုက်ပျိုးရေးဆိုင်တွေမှာရောင်းတဲ့...
ဖြေကြားချက် 2 ခု