ဆရာဒို့ဦးလေးခင်ဗျာ။ဆရာကြီးရေးသားထားတဲ့ ဂျိုလိမ်ရောဂါအကြောင်းထဲမှာ ဖျူစေရီယမ်လည်းပါ,ပါတယ်ခင်ဗျာ။ဂျိုလိမ်ရောဂါ၊...
ဆရာဒို့ဦးလေးခင်ဗျာ။ဆရာကြီးရေးသားထားတဲ့ ဂျိုလိမ်ရောဂါအကြောင်းထဲမှာ ဖျူစေရီယမ်လည်းပါ,ပါတယ်ခင်ဗျာ။ဂျိုလိမ်ရောဂါ၊ဖျူစေရီယမ်နှင့်ပိုင်သီယမ် ရောဂါတို့ကိုကာကွယ်ချင်လို့ပါခင်ဗျာ။ကျွန်တာ်တို့ဆီဆေးဆိုင်တွေမှာ ဆေးတွေကနာမည်သာကြားဖူးပြီး မတွေ့ဖူး၊မသုံးဖူးပါခင်ဗျာ။ကြက်သွန်အတွက် မျိုးစေ့ကပျိုးပြီးသွားပါပြီခင်ဗျာ။ပျိုးပင်လူးနယ်ဆေး သုံးချင်လို့ပါခင်ဗျာ။ပျိုးပင်လူးနယ်ဆေး သီရမ်၊ရိုဘရယ်(iprodione) အပြင် ကျန်ဆေး ai များနှင့် အသုံးပြုပုံများကို ကျေးဇူးပြု၍ညွှန်ပြပေးပါအုံးခင်ဗျာ။ဖော်ပြပါဆေး(၂)မျိုးက ဝယ်ရန်ခက်ခဲနေလို့ပါခင်ဗျာ။ဆရာကြီးကျန်းမာ၊ချမ်းသာပါစေခင်ဗျာ။ ကျွန်တော်တို့ဆီမှာရနိုင်တဲ့ဆေး(ai)များပါခင်ဗျာ။1.mancozeb(dithiocarbamate) 2.dimethomorph(angel) 3.sulphur(sky) 4.cymoxanil(synergy) 5.azoxystrobin 6.hexaconazole 7.copper oxychloride။ နောက်ထပ်(ai)အနည်းငယ် ရနိုင်သေးပါတယ်ခင်ဗျာ။