အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
13,855
လွန်ခဲ့သော ၂ နှစ် က · ဝမ်းတွင်း

ဆရာတို့ခင်ဗျာ.ယခုလက်ရှိ ကျောက်ဆည်.ကူမဲ.မြစ်သား.နယ်များမှာ မိုးအလွန်ရွာပီး ကြက်သွန်နီ ပျိုးခင်းများအားလုံးနီး...

ဆရာတို့ခင်ဗျာ.ယခုလက်ရှိ ကျောက်ဆည်.ကူမဲ.မြစ်သား.နယ်များမှာ မိုးအလွန်ရွာပီး ကြက်သွန်နီ ပျိုးခင်းများအားလုံးနီးပါး ရေလွှမ်းခံရပါသည် နောက်က်တွဲအနေနဲ့ ခါးရိ ဥပုပ်တွဲကျလာသည်.ရောဂါအနေနဲ့ ဘတ်တီးရီးယားလား ရောဂါလားကိုခွဲခြားမရအောင်နှစ်မျိုးကျရောက်သည် ဘတ်တီးရီးယားဆေး မှိုဆေး ဘယ်လောက်ဖျန်းဖျန်း မနိုင်ပါ ကွက်နာကျကာ ပျက်စီးသွားကြသည် ဂျပ်ဆန်မိုးရွာပီးတိုင်းသုံးသည် မနိုင်လို့ပါ ဘယ်လိုဆက်လုပ်သင့်လဲအကြံပြုပါဦး ဘာဆေးအုပ်စုတွေဖျန်းသင့်လဲလမ်းညွှန်စေလိုပါတယ်

ပိုးမွှားရောဂါ ကြက်သွန်နီ ကြက်သွန်ဥ ထိပ်ပုတ်ရောဂါ
Post image
Post image
4

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

ဘက်တီးရီးယားအတွက်ကော့ပါးအောက်စီကလိုရိုက်သုံးပါ

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

ဂျပ်ဆန်ကရောဂါကိုမသက်သာစေပါအစိုဓာတ်ကြောင့်ရောဂါဆိုးဝါးတာပါခါးရိရောဂါအတွက် ဟိုမိုင်းမှိုသတ်ဆေးကိုမြေကြီးပါဖျန်းပါတစ်ပါတ်ချားပြန်ဖျန်းပါ

13,855 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါဆရာ ကော့ပါးက သုံးမျိုးလောက်တွေ့ဖူးတယ် ကော့ပါးအောက်စီကလိုရိုက် ထွိုင်ဘစ်စစ်ကော့ပါးဆာလဖိတ် ကော့ပါဟိုက်ဒေါဆိုက် ဘယ်ဟာကဘယ်လို ထိရောက်လဲဗျ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ပါတယ် မှိုနဲ့ဘက်တီးရီး​ယားပျော့ပုပ် ၊​ရောကျ​နေပါတယ်။ ဘစ်စမာသိုင်ယာဇိုး ၇-၁၀ဇွန်းနုန်းနဲ့ ၃ရက်ခြား ပြီး ​ကော့ပါး ၅ဇွန်း+ကာဆူဂါ ၈ဇွန်း ထပ်ဖျန်းပါ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။