ဖြေကြားချက် ၃ ခု
နှင်းဆီအရင်မျိုးတွေကကိုင်းဖြတ်ပြီးစိုက်ရင်အမြစ်ထွက်တာနည်းပြီးကြာလို့စိုက်ရခက်ပါတယ် ရုတုံး(rootone) လို(fertistat) လိုအမြစ်ထွက်တဲ့ဟော်မုံးသုံးပြီးအကိုင်ရင့်များကိုအဆစ်လေးငါးဆစ်ပါကိုင်းဖြတ်အရင်းကိုဟော်မုန်းနဲ့စိန်ပြီးသဲကျင်းထဲမှာစိုက်ပြီးပလပ်စတစ်အမိုးအောက်မှာစိုက်ရေမှန်မှန်လောင်းပေရင်တော့ရနိုင်ပါတယ်၊နှင်းဆီအရင်များကိုအများအားဖြင့်အမြစ်ထွက်မြန်တဲ့အရိုင်းပေါ်မှာအဖူးမြွှုတ်မျိုးပွားကြတယ်
ကျေးဇူးပါဆရာ
နှင်းဆီကိုင်း တနှစ်သားကျော်အရွယ်၊ ကိုင်းအရှည် ၈လက်မ ခန့် ဖြတ်ပါ။ ပျိုးမြေနေရာကို .၄လက်မ ပျဥ်ပြားအမြင့်နဲ့ လေးဖက်ကာထားပါ။ အဲဒီအထဲကို သဲသန့်သန့်အပြည့်ထည့်၊ရေလောင်းထားပါ။ ပျိုး ဘောင်ထဲကို နှင်းဆီ ကိုင်းဖြတ်ရဲ့အရင်းပိုင်း ၄လက်မ မြုပ်အောင် ၄၅°စောင်း ပြီး ထိုးစိုက်ပါ။ (မစိုက်မီ ကိုင်းအောက်ခြေ ၄လက်မနေရာကို အမြစ်ထွက်ဟိုမုန် စိမ်ပြီးမှ စိုက်ပါ) ညနေတိုင်းရေဖျန်ပါ။ အရိပ်လုပ်ပေးပါ။ ၁လလောက်ဆို ၊ပျိုးအိတ်ထဲ.ပြောင်းစိုက်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှင်းဆီးပန်းက ပုံမှာပြထားသလိုပိုးကောင်လေးတွေဝင် အရွက်တွေ မဲမဲလာပြီး နောက်ပွင့်မဲ့အဖူးလေးတွေပါ ခြောက်ပြီးမပွင့်...
ဖြေကြားချက် 2 ခု
သံချေ ရွက် နတ် ပြောက်ရောဂါကျနေလို့ ဘာဆေးတွေဖျန်းရမှာလဲဗျ
ဖြေကြားချက် 3 ခု
နှင်းဆီပင် ပုံပါအတိုင်းဖြစ်နေလို့ပါ ဘာဆေးသုံးရမလဲ ဘယ်ဆေးအုပ်စုတွေရှောင်ရမလဲ ဖြေပေးစေချင်ပါတယ်ခင်ဗျ
ဖြေကြားချက် 2 ခု
ဆရာတို့ နှင်းဆီပန်းခုမှစစိုက်မှာပါ ပုံမှန်လေနှင်းဆီပန်းက စစိုက်တဲ့အချိန်ကနေ ဘယ်ချိန်လောက်ဆိုခူးလိုရပီလဲဗျ🙏🙏🙏
ဖြေကြားချက် 3 ခု
နှင်းဆီ အရွက်တွေမည်းပြီးကြွေကျလို့ ဘယ်လို ကာကွယ် ကုသရမလဲ အကြံပေးပါအုံးဆရာတို့
ဖြေကြားချက် 2 ခု