အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,931
လွန်ခဲ့သော ၃ နှစ် က · လယ်ဝေး

ဆရာတို့ကျွန်တော်အခြေခံကနေစပြီးပိုးမွှားရောဂါသင်တန်းတတ်ချင်လို့ဘယ်မှာသင်လို့ရလဲဆရာရောဂါမခွဲတတ်တော့ဆေးမှားပြီး...

ဆရာတို့ကျွန်တော်အခြေခံကနေစပြီးပိုးမွှားရောဂါသင်တန်းတတ်ချင်လို့ဘယ်မှာသင်လို့ရလဲဆရာရောဂါမခွဲတတ်တော့ဆေးမှားပြီးဆေးဖိုးတွေပိုကုန်လို့ပါဆရာကျွန်တော့ကိုလမ်းညွှန်ပေးဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ပိုးမွှားရောဂါ မြေပဲ ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ

ဖြေကြားချက် ၄ ခု

117 လွန်ခဲ့သော ၃ နှစ် က

သက်ဆိုင်ရာစိုက်ပျိုး​ရေး ရုံး​တွေနဲ့ဆက်သွယ်ပါ တိုင်းစိုက်ပျိုးရေးရုံးမှာတနှစ်တကြိမ် CPA သင်တန်းဖွင့်ရင်တက်နိုင်ပါတယ် မြို့နယ်ဦးစီးထံအကူညီ​တောင်းပီး ပညာ​ပေး​ဆွေး​နွေးပွဲလုပ်​ဆောင်ပါ

4,931 လွန်ခဲ့သော ၃ နှစ် က

မှိုရောဂါအကြောင်းကိုပိုသိချင်လို့ပါ

193,301 လွန်ခဲ့သော ၃ နှစ် က

ဘာအပင်ရဲ့ ပိုးမွှားရောဂါအကြောင်းကို သိချင်တာလဲရှင့် ပိုးရောဂါတွေကိုပဲ သင်ပေးတဲ့သင်တန်းတော့ မရှိသေးပါဘူး။ စိုက်သိပ္ပံနဲ့ တက္ကသိုလ်ကပဲ သင်ကြားပေးတယ်ထင်ပါတယ်။ တကယ်လို့ စိတ်ဝင်စားတယ်ဆို ပိုးမွှားရောဂါစာအုပ်တွေဖတ်ပြီး Online ကနေကိုယ့်ဟာကိုယ် ပြန်လေ့လာတာက ပိုအဆင်ပြေမယ်ထင်တယ်ရှင့် လေ့လာနေရင်း မရှင်းလို့ရှိရင်လည်း အစိမ်းရောင်လမ်းမှာ လာဆွေးနွေးလို့ရပါတယ်။ သင်တန်းတွေကို စိတ်ဝင်စားလို့ရှိရင် သိသလောက်တော့ Dekina Agribussniess management school, Myanmar Farmer's Academy , Miss Agripreneur, ရွှေရောင်လွင်ပြင်အဲ့သင်တန်းကျောင်းတွေရှိပါတယ် အခုထိတော့ ဖွင့်တာမကြားသေးလို့ စုံစမ်းကြည့်ပါရှင့်

2,745 လွန်ခဲ့သော ၃ နှစ် က

သင်တန်းက ကောင်းတယ်ဆိုပေမဲ့ ကိုယ်ကိုတိုင်လယ်ထည်းဆင်းရမယ် ပိုးသတ် ပေါင်းသတ် မှိုသတ် Aiတေွကို ကောင်းကောင်းနားလည်မည်ဆို ပိုကောင်းပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။