ပုံထဲက အရွက်တွေ ဘာရောဂါ ဘာဆေးသုံးရမလဲ ခင်ဗျား
ဇင့်ဓာတ်ချို့တဲ့တဲ့ ပုံနဲ့တော့ ဆင်ပါတယ် အနဲလိုပါတဲ့ ရွက်ဖျန်းတဲ့ခုခုကို ဈေးကွက်ထဲကနေဝယ်ဖျန်းကြည့်ပါ ဥပမာ - ကောမက်ထရေ့၊ အာမိုဇင့် စသည့် မည်သည့် ကုန်မဏီ က ရွက်ဖျန်းမဆို အနဲလိုပါပါက သုံးနိုင်သည်
ပင်ပြလက္ခဏာအရတော့, အနည်းလိုအာဟာရချို့တဲ့တာပါ။ အမြစ်တွေ အစာမစားနိုင်တာဖြစ်နိုင်ပါတယ်။ နှမ်းဖတ်ပုပ်ရည် ကျွေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာတို့ကျနော်တို့ခြံမာအသီးတွေ့ဝိုင်းထားပီးအဖြူကွက်နေတာ ဘာဆေးဖြုန်ရမာလဲသိချင်းတယ်
ဖြေကြားချက် 2 ခု
အသီးတွေကလည်းကြွေကုန်ပြီကွာသည်တစ်နစ်ကလည်းရှံးပြန်ပြီအမြစ်ကနေပြီးတော့ခုတ်လိုက်ခြင်စိတ်တောင်ပေါက်လာပြီ
ဖြေကြားချက် 2 ခု
ရှင်းလိုက်တဲ့ပေါင်းမြက်ခြေက်တွေဟာအပင်တွေအတွက်ဘယ်လိုအကြိုးပြုပါသလဲဆရာ
ဖြေကြားချက် 1 ခု
ပျားလိမ္မော်အသီးကွဲခြင်းနှင့် အသီးအညိုရောင် ဖြစ်နေပါသည် မည်သို့ ပြုလုပ်ရပါမည်နည်း
ဖြေကြားချက် 2 ခု
ဘာရောဂါလဲဗျ စစိုက်ပြီးနှစ်နှစ်လောက်က စဖြစ်လာပါတယ် ပြီးမှတစ်ပင်နဲ့တစ်ပင် ကူးသွားပါတယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။