ဖြေကြားချက် ၁ ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွဲချေးဆွေးနဲ့ဗေဒါဆွေးကိုအပင်ခြေအုန်ထားပြီး၄ရက်လောက်ကြာတော့ပုံပါအတိုင်းဖြစ်နေလို့ သေသွားနိုင်လားဗျ ဘယ်လိုပြန်...
ဖြေကြားချက် 1 ခု
သဘောပင်ကအသီးတော့သီးတယ်ဆတ်ပြီးတော့မကြီးဘူးအသီးကသေးသေးပဲအပင်ထိပ်ရွက်ကလဲနူသလိုတွန့်နေတယ်အသီးကလဲအကြီးကြီးဖြစ်ပါ့...
ဖြေကြားချက် 2 ခု
ကျွနိတော်ကစိုက်ပျိုးရေးေတာင်သူတစ်ယောက်ပါ သင်းေဘာပင်အကြောင်းမေးချင်လို့ပါဗျ သင်ဘောပင်က အဖိုပင်ရှိတယ် အမပင်ရှိ...
ဖြေကြားချက် 3 ခု
သဘော်ပင်ခုမှစစိုက်ဖူးတာပါအစာကြွေးနည်းအဆင့်ဆင့်ကိုသိချင်ပါတယ်အသေးစိတ်ရှင်းပြပေးပါ
ဖြေကြားချက် 2 ခု
မြေထုပ်စည်းထားတဲ့အပင်လေးပါ အပွင့်တွေခနပဲပွင့်ပြီး ကြွေကုန်လို့ အသီးမတည်ဘူးဖြစ်နေလို့ပါဆရာတို့ လမ်းညွှန်ပေးပါ...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ