အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
125
လွန်ခဲ့သော ၃ နှစ် က · အင်္ဂပူ

စပါးရွေးချယ်ပေါင်းသတ်ဆေးကို မှို့ကပ်ချိန်ထိ ဖြန်းလို့ ရပါသလား စပါးပင် 55ရက်သားရှိပါပြီ စပါးသက်တမ်းက 110ရက်ပါ...

စပါးရွေးချယ်ပေါင်းသတ်ဆေးကို မှို့ကပ်ချိန်ထိ ဖြန်းလို့ ရပါသလား စပါးပင် 55ရက်သားရှိပါပြီ စပါးသက်တမ်းက 110ရက်ပါ သက်ယဉ်မျိုး GW 11ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၅၅ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ်
စိုက်ပျိုး ဗဟုသုတ စပါး စပါးပေါင်းသတ်ဆေးများ

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

အရမ်း​နောက်ကျ​နေပါပြီ။၃၅ရက်သားအတွင်း အပြီးရှင်းသင့်ပါတယ်။ သီးနှံသက်ရဲ့ ​ရှေ့ ၃ပုံ၁ပုံကို ​ပေါင်းရှင်းကာလ သတ်မှတ်ပါတယ်

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

စပါးပင်ကိုစောစောပေါင်းသတ်ဆေးကိုသေချာဖြန်းပြီးပေါင်းရှင်းရင်မှို့ကပ်ချိန်တွင်သုံးရန်မလိုပါပေါင်းပင်များစပါးပင်လောင်းမိပြီးထနိုင်မှာမဟုတ်ပါနောက်၅၅ ရက်မှာစပါးရိပ်ရတော့မှာပါ

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၃ နှစ် က

နည်းပညာအရ​တော့ ​ကောင်းကျိုးနည်းပါတယ်။ ​ပေါင်းသတ်​ဆေး​တွေက ​ပေါင်းပဲသတ်တာဆို​ပေမယ့်၊စပါးပင်ရဲ့ဇီဝကမ္မကိုလဲ အဟန့်အတားဖြစ်​စေပါတယ်။ ​မဖြစ်မ​နေ ဖျန်းမှဖြစ်မှာဆိုလဲ၊ဖျန်းလို့ရပါတယ်။ ​စော​စောဖျန်းတာ​လောက် အကျိုးမရှိဘူးလို့​ပြောတာပါ

125 လွန်ခဲ့သော ၃ နှစ် က

ဆေးမဖြန်းရတော့ဘူးလို့ဆိုလိုတာလားခင်ဗျ ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်တယ် ပေါ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။