ဖြေကြားချက် ၁ ခု
ဤအဖြေကို ဖျက်မှာ သေချာပါသလား။
ဤလုပ်ဆောင်ချက်ကို ပြန်ပြင်၍ မရပါ။
ကောင်းကောင်းဆွေးမြည့်ပါတယ်။ ပုလဲတို့နဲ့လည်း ရောသုံးလို့ရပါတယ်။ အီးအမ်အချိုးကတော့ ရေ ၂၀ လီတာ အီးအမ် နို့ဆီဘူး ၃ ခွက် တင်လဲရည် ၃ ခွက်နဲ့ အတူ ရောသုံးနိုင်ပါတယ်ရှင့် အီးအမ်ဘိုကာရှီပြုလုပ်ပုံအဆင့်ဆင့် (၁) အရိပ်ကောင်းကောင်းနေရာကို ရွေးပါ။ (၂) သီးနှံစွန့်ပစ်ပစ္စည်း( ဥပမာ-ကောက်ရိုး၊ ဗေဒါ)သို့မဟုတ် မြက်ခြောက်နှင့်နွားချေးတို့ကို စုဆောင်းပါ။ (၃) စည်ပိုင်းပြတ်ထဲသို့ ရေဂါလံ ၂၀ ထည့်ပါ။ ထိုအထဲသို့ အသင့်သုံးအီးအမ်ဖျော်ရည်နို့ဆီ ၃ ခွက် နှင့် တင်လဲရည် ၃ ခွက်ရောစပ်ပြီး သမအောင်တုတ်ဖြင့်မွှေပေးပါ။ (နို့ဆီ ၃ ခွက် = ၁ လီတာ) (၄) သစ်သားငုတ်များသုံး၍ မြေဆွေးပုံနေရာကို သတ်မှတ်ပါ။ မြေဆွေးပုံအကြီးအသေးသည် အသုံးပြုမည့် သီးနှံ သို့မဟုတ် မြက်ခြောက်ပမာဏပေါ် မူတည်ပါသည်။ သို့သော် ဘိုကာရှီတစ်ပုံသည် အလျား ၆ပေ၊ အနံ ၄ ပေ၊ အမြင့် ၃ ပေထက်မပိုသင့်ပါ။ (၅) လျာထားသတ်မှတ်ထားသောနေရာတွင် စွန့်ပစ်ပစ္စည်းများကို ပထမအလွှာအဖြစ် ဖြန့်ခင်းပြီး သိပ်သည်း တင်းကြပ်နေစေရန် ခြေဖြင့်ဖိနင်း၍ ၆ လက်မထုရသည်အထိပြုလုပ်ပါ။ (၆) ထိုအလွှာပေါ်သို့ အီးအမ် ၃ ဂါလံပက်ဖြန်းပေးပါ။ (၇) နွားချေး ၈ ပြည်ထပ်၍ဖြူးပါ။ (၈) မြေဆွေးပုံအမြင့် ၃ ပေရောက်သည်အထိ အဆင့်(၅)၊ (၆)၊ (၇) တွင်ဖော်ပြထားသည့်အတိုင်း တစ်လွှာ ပြီးတစ်လွှာဆင့်တင်သွားပါ။ (၉) မြေဆွေးပုံပူနွေးစေရန်နှင့် လေတိုက်၍ခြောက်သွေ့မှုမဖြစ်စေရန် အပေါ်မှပလတ်စတစ်ဖုံးထားပေးရသည်။ (၁၀) (၇-၁၀) ရက်ခန့်အကြာ အစိုဓါတ် အနည်းအများကို စီစစ်ပါ။ ခြောက်သွေ့နေက ရေဖျန်းပေးပါ။ မြေဆွေး ပုံ အမြဲစိုစွတ်နေစေရန် ဂရုပြုပေးပါ။ မခြောက်လွန်းစေရ။ မစိုလွန်းစေရပေ။ (၁၁) ၁-၂ ပတ်ခန့်အကြာ (တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့်တိုင်) စတင်သုံးစွဲနိုင်ပါသည်။ ဘိုကာရှီ ကို နောက်ဆုံးထွန်ရေးနှင့်အတူ ကြဲပက်ကျွေးရသည်။ တစ်ဧကအတွက် ဘိုကာရှီ (၂-၅) တန် (၈ မှ ၂၀ပုံ) လိုအပ်သည်။နှစ်ရှည်ပင်များ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းပင်များအတွက် ဘိုကာရှီကို အစိုဓါတ် အလုံအလောက်ရှိစဉ် အပင်ခြေ၌ထည့်သွင်းပေးရသည်။
ဆက်စပ်မေးခွန်းများ
ဆရာခဗျ စပါး ရွှေ့ပြောင်းစိုက်ပီး၁၄မတိုင်မှီ မြေသြဇာကျဲ(ပုလဲ+ပိုတက်) ရင်အဆင်ပြေပါမလားသိချင်ပါတယ်။ကျေးဇူးပါ။
ဖြေကြားချက် 2 ခု
ယူရီးယားမှာပါဝင်တဲ့C/N မှာ Carbonရဲ့ကုန်ကြမ်းကဘာဖစ်နိုင်မလဲ။
ဖြေကြားချက် 4 ခု
ဖရဲပင်ကို သကာရည်အနံ့ပါတဲ့ EM5 ဖြန်းရင် ပုရွက်ဆိတ်ကိုက်တတ်လားခင်ဗျ
ဖြေကြားချက် 1 ခု
ကောမက် ပေါင်းသေဆေးနဲ့ ပုလဲ ဓာတ်မြေသြဇာ ရောပြီး ထည့်လို့ ရလား ခင်ဗျာ
ဖြေကြားချက် 2 ခု
အီးအမ်နှင့်ထရိုင်ကိုဒါးမား တွဲဖက်မြေဆွေးလုပ်နည်းလေး သိချင်ပါတယ်။
ဖြေကြားချက် 2 ခု