ဖြေကြားချက် ၁ ခု
 မျိုး ရွှေဖလား၊ ဘောင်စောက်မျိုးများကို စိုက်ပျိုးပါ။ စိုက်ပျိုးမည့် မျိုးစေ့သည် (၁) ပြည်လျှင် (၇၅-၈၀) ကျပ်သား ရှိရမည်။ ပျိုးထောင်ခြင်း ကြက်သွန်နီ တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (ဝ.၀၅) ဧက ရှိရပါမည်။ မျိုးစေ့နှုန်း (၂-၄) ပြည် အသုံးပြုရပါမည်။ ပျိုးခင်းမြေပြင်ရာတွင် တမန်းညက်ရပါမည်။ ပျိုးခင်းတွင် နွားချေးနှင့် မြေဆွေးများ ထည့်ပေးရပါမည်။ ပျိုးဘောင် (၃’×၁၈’) ဘောင်အတွက် မျိုးစေ့နို့ဆီ (၁) ဘူး လိုအပ်ပါသည်။ မျိုးစေ့များကို ညီညာစွာ ကြဲပက်ပြီး နွားချေး (သို့) မြေဆွေးပါးပါး ဖြူး၍ ဖုံးအုပ်ပေးပါ။ မျိုးစေ့အပင်ပေါက် ညီညာစေရန် ကောက်ရိုး၊ သစ်ခက်များ ဖုံးအုပ်ပေးရပါမည်။
ဆက်စပ်မေးခွန်းများ
ကြက်သွန်စနစ်တကျ ပျိုးထောင်နည်း မျှဝေပေးပါဗျ။
ဖြေကြားချက် 1 ခု
ကြက်သွန်နီးအကြောင်း စာအုပ်မထုတ်ကျဘူးလားဗျာ စာအုပ်အဖြစ်ထုတ်နိုင်ရင် တောင်သူတွေအတွက် ပိုထိရောက်တဲ့ စိုက်ပျိုး...
ဖြေကြားချက် 4 ခု
ကြက်သွန်နီကို အိမ်စားဖို့အတွက်ပဲ ဘောင်တင်စိုက်ပျိုးမယ်ဆိုရင် စားဖိုဆောင်ထဲက ကြက်သွန်နီဥတွေနဲ့ တိုက်ရိုက်စိုက်...
ဖြေကြားချက် 2 ခု
အပင်ပျိုးထောင်းနည် စာအုပ်ရှိိလာဗျ ဘယ်လမှာ ဘာပင်တေပျိုးခေါင်ရတယ် စနစ်တကျ ဘယ်လိုပျိုးထောင်းရတယ်စိုတာသိချင်တာ...
ဖြေကြားချက် 1 ခု
ကြက်သွန်ဥသေးစိုက်ပျိုးနည်းနဲ့ဘယ်နှစ်လသားမှာဘာဆေးဖြန်းရမှာလဲသိချင်ပတယ်
ဖြေကြားချက် 3 ခု