စပါးကို ကြဲသားခင်း ကြဲကြသော တောင်သူလယ်သမား အပေါင်းတို့ ခင်များ ။ ကြဲသားခင်းသည် ပေါင်းမြက်အမျိုးမျိုး ပေါက်လို့...
စပါးကို ကြဲသားခင်း ကြဲကြသော တောင်သူလယ်သမား အပေါင်းတို့ ခင်များ ။ ကြဲသားခင်းသည် ပေါင်းမြက်အမျိုးမျိုး ပေါက်လို့ ဆေးအမျိုးမျိုးဖျန်းပြီး နှိမ်နင်း ကြပါတယ်။ စပါးတွေနာတဲ့အထိ ပေါင်းသတ်ဆေးဖျန်းကြသော်လည်း တချို့ပေါင်းမြက်တွေမှာ မသေကြပါဘူး။ အခုဆေးတစ်မျိုးပေါ်နေတာ သိတဲ့သူတွေလဲသိကြမှာပါ (ပေါင်းအုပ်ဆေး) 👉သန္ဓေတားဆေး👈လို့လဲခေါ်ကြပါတယ်။ အသုံးပြုပုံ.......👇 စပါးကြဲခင်းကြဲပြီး( ၇ရက်) အတောအတွင်းပက်ဖျန်းပေးရပါတယ်။ မြက်ဆိုးတော်တော်များများ နှိမ်နင်းနိုင်ပါတယ်ခင်များ။ မှတ်ချက်။ ။ ပညာရှင်မဟုတ်သလို ဆေးရောင်းသူလဲမဟုတ်ရပါဘူးခင်များ။ တောင်သူလယ်သမားအချင်းချင်း ကြီးပွားတိုးတက်စေခြင်းသာဖြစ်ပါသည်။ (ပေါင်းအုပ်ဆေး(ဝါ) သန္ဓေတားဆေး)ဆေးဆိုင်တွေမှာမေးဝယ်ပါခင်မျာ။ တောင်သူအားလုံးစိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ကြပါစေခင်များ။