ဖြေကြားချက် ၂ ခု
မြေပဲ GAP ကို နီးစပ်ရာ မြို့နယ်ဦးစီးမှုးရုံးမှာ လျှောက်ထားပြီး အချက်အလက်ရယူရမှာ ဖြစ်ပါတယ်
မြေပဲသီးနှံသည် ရေမြေဒေသရာသီ ကွဲပြားခြားနားသော အခြေအနေအမျိုးမျိုးမှာ ဖြစ်ထွန်းနိုင်သော သီးနှံတစ်မျိုးဖြစ် သည်။ သို့သော် ရာသီအလိုက်သော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း တစ်ဧကအထွက်နှုန်းမှာတော့ ကွာခြားသည်။ မည်သည့်ဒေသ ရေမြေအခြေအနေမှာဖြစ်စေ စိုက်ပျိုးကုန်ကျစရိတ်ထက် အထွက်ဝင်ငွေက သာလွန်မှ သာ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်သည်ဟု ဆိုရမည်။ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းလျင်သီးနှံနှင့် နှိုင်းယှဉ်လျှင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားသည်။ သို့သော် မျိုးစေ့မှ အထွက်ပြန်ရသည့် ပမာဏအချိုးမှာမူ နှမ်းလျင်သီးနှံထက် နည်းပါးပြန်သည်။ ထို့ကြောင့် ပိုမိုဂရု စိုက်ကာ စနစ်တကျလုပ်ကိုင်ဖို့လိုကြောင်း ပြောလိုရင်းဖြစ်ပါသည်။ ၁။ မျိုးရွေးချယ်ခြင်း ဒေသနှင့် ကိုက်ညီဖြစ်ထွန်းသည့်မျိုးကို ရွေးချယ်အသုံးပြုရန်ဖြစ်သည်။ အပင်ပေါက် ၈၀ ရာခိုင်နှုန်းနှင့် အထက်ရှိသည့် မျိုးကို စိုက်ပျိုးသင့်သည်။ အထွက်နှုန်းကောင်းမွန်သည့်မျိုးများကို သုတေသနပြု ထုတ်ဝေထားသည်။ ဆင်းပဒသော-၆၊ ဆင်းပဒေသာ-၇ နှင့် ဆင်းပဒေသာ-၁၁ မျိုးများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ယခု အခါ ဆင်းပဒေသာ-၁၂ နှင့် ဆင်းပဒေသာ-၁၃ စသည့် အခြားမျိုးသစ်များကိုလည်း စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ဆင်းပဒေသာ - ၆ အပင်ပုံစံသည် ပင်ထောင်မျိုးဖြစ်သည်။ အပင်သက်တမ်းမှာ ၁၀၅ ရက် မှ ရက် ၁၁၀ ဖြစ်သည်။ တစ်ပင်ပါ အောင် တောင့်- ၁၅ မှ ၂၀ ဖြစ်သည်။ တစ်တောင့်ရှိအစေ့ - ၂ မှ ၁ ဖြစ်ကာ အစေ့ခွံအရောင်မှာ ပန်းရောင် ဖြစ်သည်။ ထူးခြား သည်မှာ ရေငတ်ခံနိုင်သည်။ ဆင်းပဒေသာ - ၇ အပင်ပုံစံသည့် ပင်ထောင်မျိုးဖြစ်သည်။ အပင်သက်တမ်းမှာ ရက် ၉၀ မှ ၉၅ ရက်နှင့် တစ်ပင်ပါအောင်တောင့်- ၁၅ မှ ၂၀ ဖြစ်သည်။ တစ်တောင့်ရှိအစေ့- ၂ မှ ၁ နှင့် အစေ့ခွံအရောင်- ပန်းရောင် ဖြစ်ကာ အဆံထွက်ရာခိုင်နှုန်း- ၇၄ ဖြစ်သည်။ ဆင်းပဒေသာ - ၁၁ အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ရက် ၁၀၀ မှ ၁၀၅ ရက်နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါ အောင်တောင့်- ၂၀ မှ ၂၅ ရှိပြီး အဆံထွက်ရာခိုင်နှုန်း- ၇၄ ဖြစ်သည်။ ဆင်းပဒေသာ - ၁၂ အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ၁၀၅ ရက် မှ ရက် ၁၁၀ နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါ အောင်တောင့်- ၁၅ မှ ၂၅ ရှိပြီး အဆံထွက်ရာခိုင်နှုန်း- ၇၂ ဖြစ်သည်။ ရေငတ်ဒဏ်ခံနိုင်ပြီး မိုးရွာသွန်းမှု နည်းပါးသော အပူပိုင်းဒေသနှင့် သင့်တော်ကြောင်းသိရသည်။ ဆင်းပဒေသာ - ၁၃ အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ၁၀၅ ရက် မှ ရက် ၁၁၀ ရက်နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါအောင်တောင့်- ၂၀ မှ ၃၀ ရှိပြီး အဆံထွက်ရာခိုင်နှုန်း- ၇၄ ဖြစ်သည်။ ဒေသမရွေးသင့်တော်သောမျိုးဖြစ်ကြောင်းသိရသည်။ ၂။ စိုက်ပျိုးနည်းစနစ်မှန်ကန်ခြင်း စိုက်ပျိုးနည်းစနစ်တွင် မြေဆီလွှာအခြေအနေ၊ စိုက်ပျိုးချိန်၊ မျိုးစေ့နှုန်း၊ အတန်းအပင်အကွာ အဝေး၊ မျိုးစေ့အတိမ်အ နက် နှင့် ရေပေးသွင်းခြင်းတို့သည် အရေးပါသောလုပ်ငန်းများဖြစ်သည်။ မြေဆီလွှာအခြေအနေ နုံးမြေနှင့် သဲနုံးမြေတို့သည် မြေပဲစိုက်ရန် အသင့်တော်ဆုံး မြေအမျိုးအစားများဖြစ်သည်။ ရေထုတ်ရန်လွယ်ကူပြီး ရေစိမ့်စီးဆင်းမှုကောင်းမွန်သော မြေဖြစ်သင့်သည်။ မြေအချဉ်အငန်ကိန်း pH ၅.၀ ထက်ကျော်သောမြေတွင် ပိုမို စိုက် ပျိုးဖြစ်ထွန်းကြောင်း သိရပါသည်။ စိုက်ပျိုးချိန် မိုးရာသီတွင် ပထမမိုးရွာပြီးနောက် ချက်ချင်းမြေပဲကို စိုက်နိုင်သည်။ ဆည်ရေသောက် ဒေသတွင် ဧပြီလ အစောပိုင်း တွင် စိုက်ပျိုးလေ့ရှိသည်။ ဆောင်းရာသီတွင် စက်တင်ဘာလလယ် မှ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ ကာလအတွင်း စိုက်ပျိုးသင့်ပါသည်။ မျိုးစေ့နှုန်း စံသတ်မှတ်ချက်နှင့်ပြည့်သည့် အရွယ်အစားကြီးမားသည့် မျိုးစေ့ကို သုံးရမည်။ စိုက်ဧရိယာအတွင်း ဝင်ဆန့်ရမည့် အပင်ဦးရေပမာဏ ပြည့်မီရေးအတွက် မျိုးစေ့အရွယ်အစား၊ သန့်စင်မှုနှင့် အပင်ပေါက်နှုန်း ကောင်းမွန်သောမျိုးဖြစ် ရမည်။ တစ်ဧက မျိုးစေ့လိုအပ်ချက်မှာ ၂ တင်း ခန့်ဖြစ်သည်။ မျိုးစေ့များကို မစိုက်မီ အပင်ပေါက်နှုန်းကို စစ်ဆေးသင့်သည်။ အပင်ပေါက်နှုန်းအနည်းဆုံး ၈၀ ရာခိုင်နှုန်း အထက် တွင် ရှိသောမျိုးဖြစ်သင့်ပါသည်။ အတန်းအပင်အကွာအဝေး မိုးရာသီတွင် တစ်ဧကတွင် အပင်ဦးရေ ၁၀၀,၀၀၀ ပင် မှ ၁၁၀,၀၀၀ ပင် ပြည့်မီရရှိအောင် စိုက်ပျိုးရန်ဖြစ်သည်။ အတန်းအပင်အကွာအဝေးအားဖြင့် တစ်တန်းနှင့်တစ်တန်း ၁၅ လက်မနှင့် တစ်ပင်နှင့်တစ်ပင် ၄ လက်မ အကွာ ထားရှိ စိုက်ပျိုးရန်လိုသည်။ ဆောင်းရာသီတွင် တစ်တန်းနှင့် တစ်တန်း ၁၂ လက်မနှင့် တစ်ပင်နှင့်တစ်ပင် ၄ လက်မ အကွာ ထားရှိစိုက်ပျိုးရန် ဖြစ်ပါသည်။ မျိုးစေ့အတိမ်အနက် မျိုးစေ့ချစိုက်ပျိုးရာတွင် အစိုဓာတ်မီရရှိသေချာစေရန် အတန်းအတွင်းတွင် မြေဆီလွှာအတိမ်အနက် ညီညီညာညာ ထားရှိ စိုက်ပျိုးသင့်သည်မှာ ၁.၅ မှ ၂ လက်မဖြစ်ပါသည်။ ရေသွင်းခြင်း အစိုဓာတ်လိုအပ်မှုရှိမရှိကို မြေပဲပင်အသက် ၅၅ ရက်မှ ၇၅ ရက်အတွင်းစစ်ဆေးပြီး လိုအပ်မှုရှိပါက ရေပေးသွင်းနိုင် ရေး ဆောင်ရွက်သင့်ပါသည်။ ၃။ မြေသြဇာကျွေးခြင်း သဘာဝမြေသြဇာ မြေမပြုပြင်မီ တစ်ဧကလျှင် နွားချေး၊ ကြက်ချေး သို့မဟုတ် သဘာဝမြေဆွေးများကို နွားလှည်း ၅ စီး မှ ၁၀ စီး ခန့် ထည့်ပေးရမည်။ အမြစ်ဖုများဖြစ်ပေါ်မှု တိုးပွားစေရန် မျိုးစေ့ကို ပဲဖြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးရန် ဖြစ်သည်။ အပင်ပေါက်ပြီး ၄၅ ရက်သားတွင် ကယ်လ်စီယမ် ၆ မှ ၉ ရာခိုင်နှုန်းပါဝင်သော ဂျစ်ပ်ဆန် မြေသြဇာကို တစ်ဧက လျှင်၂၀၀ မှ ၂၅၀ ပေါင် ထည့်ပေးသင့်ပါသည်။ ဓါတ်မြေသြဇာ တစ်ဧကလျှင် ယူရီးယား ၂၈ ပေါင်၊ ထရစ်ပယ်စူပါဖေါ့စဖိတ် ၁၁၂ ပေါင် နှင့် ပိုတက် ၂၈ ပေါင်ကို မြေခံအဖြစ် မြေပြု ပြင်ချိန်တွင် ထည့်ပေးရန်လိုသည်။ ကွန်ပေါင်းဓာတ်မြေသြဇာကို အသုံးပြုပါက လိုအပ်ချက်နှင့်ကိုက်ညီသော ဓာတ်မြေ သြဇာကို သုံးစွဲနိုင်သည်။ မြေအချဉ်အငန်ကိန်း pH ၅.၀ မှ ၅.၅ အတွင်းရှိသော မြေတွင် စိုက်ပျိုးစိုက်ပျိုးပါက ရွက်ဖျန်းမြေသြဇာကို အနည်းဆုံး ၃ မှ ၅ ကြိမ် ပက်ဖျန်းပေးသင့်ပါသည်။ ၄။ ကာကွယ်နှိမ်နင်းခြင်း အပင်တွင် ပိုးမွှားရောဂါ ကျရောက်နိုင်သည်။ ပေါင်းမြက်ကလည်း ဆိုးကျိုးပေးနိုင်သည်။ ပေါင်းမြက် အပင်သက်တမ်း တစ်လခွဲအတွင်း ပေါင်းမြက်ကင်းစင်နေဖို့လိုသည်။ လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်းလိုက်ခြင်း စသည့် သင့်တော်ရာနည်းလမ်းဖြင့် နှိမ်နင်းရန်ဖြစ်ပါသည်။ ပိုးမွှား အပင်သက်တမ်း ကာလတလျောက်လုံးတွင် ရွက်လိပ်ရွက်ကပ်ပိုးများကို စောင့်ကြည့်ရန် လိုသည်။ မိုးခေါင်မှုဖြစ်ပေါ် ပါက သင့်တော်ရာ ပိုးသတ်ဆေးအမျိုးအစားဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းရေးလုပ်ငန်းကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ ရောဂါ စိုက်ပျိုးချိန်တွင် မြေအစိုဓါတ်များပါက အပင်ငယ်များကို ရောဂါကျရောက်မှုမှ ကာကွယ်နိုင်ရန် မျိုးစေ့ချချိန်တွင် သင့်တော်ရာ မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးရန်လိုသည်။ ၅။ ရိတ်သိမ်းခြင်း လေလွင့်ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ရိတ်သိမ်းချိန်မှန်တွင် ရိတ်သိမ်းပြီးနောက်ပိုင်းတွင်လည်း မှန်ကန်စွာ လုပ်ကိုင်ရန် လိုပါသည်။ ရိတ်သိမ်းချိန် မြေပဲတောင့်များ၏ ၇၀ ရာခိုင်နှုန်းသည် ကောင်းစွာရင့်နေပါက နှုတ်သိမ်းရန်ဖြစ်သည်။ ရိတ်သိမ်းချိန်လွန် ရိတ်သိမ်းပြီး မြေပဲတောင့်များကို အစိုဓါတ် ၆ မှ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသည်အထိ နေရိပ်တွင် အခြောက်လှန်းရန် ဖြစ်သည်။ ထို့နောက် လေလုံပုံးများတွင် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားသင့်ပါသည်။ မြေပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ဖို့ ဆောင်ရွက်ရန် လိုအပ်သည့် အချက်များစွာအနက် အဓိကအချက် (၅) ချက်ကိုသာ ဖေါ်ပြခြင်းဖြစ်သည်။ မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်သည်နှင့်အမျှ မျှော်မှန်းသည့်အထွက်ကိုရရှိနိုင်ပြီး စီးပွားရေးတွက်ခြေကိုက်သည့် အကျိုးအမြတ်ဝင်ငွေကို ရရှိကြစေလိုပါသည်။ ဆင်းသီဟ
ဆက်စပ်မေးခွန်းများ
ကျွန်တော်မြေပဲခင်းလေးကျဲတဲ့အချိန်မှစပြီးတစ်လတိတိပြည့်သွားပါဘီလိုအပ်ချက်လေးများကိုညွှန်ပြပေးစေချင်ပါသည်။
ဖြေကြားချက် 1 ခု
မြေပဲအကြောင်းအသေးစိတ် သိချင်လို့ပါခင်ဗျ
ဖြေကြားချက် 2 ခု
မြေပဲမစိုက်ခင်ဘာလုပ်သင့်လဲဗျ
ဖြေကြားချက် 1 ခု
မြေပဲကိုကျနော်တို့ဒေသမှာ မိုးမြေပဲဆိုရင်ရှေ့နောက်အတန်းစိုက်ပါတယ် ဆောင်းမြေပဲကို တောင်မြောက်စိုက်ပါတယ် ယခုမေး...
ဖြေကြားချက် 2 ခု
မြေပဲနဖှင့်ပါတ်သက်သောစတင်မြေပြင်သည်မှနုတ်သိမ်းသည်အထိ
ဖြေကြားချက် 4 ခု