အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က

စပါးရွက်ကျောတွေဖြူပီး အသစ်ထွက်လာတဲ့ အရွက်တွေပါဖြူကုန်လို့ ပိုးသတ်ဆေးဖျန်းရမလား၊ မှိုသတ်ဆေးဖျန်းရမလားဗျ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က

သက်ကြီး​ဘေးကြားပါ။ဖြစ်​နေကျ ပါ။ ပြန်​ကောင်းပါတယ်။

လွန်ခဲ့သော ၃ နှစ် က

ဒီဘက်ဒေသမှာတော့ ရွှေဘိုကြီးလို့ခေါ်ပါတယ် သက်တမ်းက၆လစပါးပါ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က

ပေါ်ဆန်း​ဘေးကြား မျိုးထင်တယ်.. အပင်ကြီးလာတာနဲ့အမျှ..​နေ​ရောင်ခြည်နဲ့ ဓါတ်ပြုပြီးအလိုလို. ပြန်စိမ်းပါတယ်

540 လွန်ခဲ့သော ၃ နှစ် က

စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ(BLB)လို့ ယူဆရပါတယ်။ လေ၊မိုးရေ၊သွင်းရေ၊မုန်တိုင်းအားဖြင့်အဓိကပြန့်နှံ့ပါတယ်။ စပါးမျိုးစေ့၊ကောက်ရိုး၊ရိုးပြတ်၊လမိုင်း၊ပေါင်းမြက်များမှလည်း ခိုအောင်းကူးစက်တတ်ပါတယ်။ ပုလဲမြေဩဇာ လွန်ကဲစွာသုံးရင်တော့ ရောဂါပိုမို‌ပြင်းထန်တတ်ပါတယ်။ ပုလဲမြေဩဇာကို လွန်ကဲစွာအသုံးမပြုပဲ တီစူပါ၊ပိုတက်ရှ် စသည်တို့နှင့် ရောအသုံးပြုခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ရောဂါကုသချင်ရင်တော့ နီးစပ်ရာ စိုက်ပျိုးရေး၀န်ထမ်းများနှင့် တိုင်ပင်ပြီး ကာဆူဂါမိုက်စင် နှင့် ကော့ပါး ပါ၀င်သောဆေးများ အသုံးပြုလို့ရပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။